11

182 15 0
                                    

ဆွန်းရီရဲ့ ခပ်နွေးနွေး ထွက်သက်လေတွေက
သူ့နားရွက်ဖျားကို ထိခတ်နေတယ်။ နံ့သာဖြူနံ့
ထုံအီအီ ခပ်သင်းသင်းက သူအသက်ရှူတိုင်း
တိုးဝင်နေတာမို့ ခေါင်းတောင်ကိုက်လာသလို
ပဲ။ သူ့နောက်ကျောပြင်က ဆွန်းရီရဲ့ ခပ်တောင့်
တောင့် ရင်အုပ်ကျယ်ထဲရောက်နေတယ်။
ဟုတ်ပါတယ်..သူနဲ့ ဆွန်းရီက မြင်းညိုကြီးကို
အတူတူစီးနေတာဖြစ်ပြီး သူက မြင်းကုန်းနှီးရဲ့
ရှေ့ ဆွန်းရီရဲ့ဂွကြားထဲမှာ ခပ်ကျုံ့ကျုံ့လေး။

ယောကျာ်းနှစ်ယောက် မြင်းအတူတူစီးတာ
ဘာဖြစ်လို့တုန်း။ အေးလေ ဘာမှမဖြစ်ပေမယ့်
လို့ မာနတော့ ထိခိုက်တာပေါ့။ ပြီးတော့..
ဇက်ကြိုးကိုင်ထားတဲ့ ဆွန်းရီရဲ့လက်တွေ
တချက်လှုပ်လိုက်တိုင်း အဲ့လက်မောင်းအိုးကြီး
ကြားမှာ..သိမ်ငယ်ရတယ်။ ရှက်စရာကောင်း
လိုက်တာ..မြင်းမစီးတတ်လို့ သူများနဲ့အတူတူ
စီးရသတဲ့။

ဟိုဘက်ခေတ်မှာ..မိန်းကလေးမောင်းတဲ့
ဆိုင်ကယ်နောက်ထိုင်ခုံမှာ ခွပြီးထိုင်စီးနေရတဲ့
ခံစားချက်ကြီး။ ရှေ့နဲ့နောက်နဲ့ ကွာပေမယ့်..
အဲ့လိုကြီးပဲ။ လခွီးတဲ့မှ..

" အဟမ်း..."

တိတ်ဆိတ်ငြိမ်သက်နေတာကြီးက ပိုပြီး နေရ
ထိုင်ရခက်စေတယ်။ သူ့နောက်ကျောကို လာ
ထိနေတဲ့ ဆွန်းရီရဲ့ ရင်ဘတ်ထဲက တဒုတ်ဒုတ်
သံက တဆိတ်..မြန်နေသလိုပဲ။ သူလည်းပဲ
နေရထိုင်ရခက်နေတယ်ထင်ပါရဲ့။စကားတခုခု
ပြောစမ်း..ငါ့ပါးစပ်လေး..

" ဆွန်းရီ..ငါတို့ အခုလို ဒီလိုထွက်လာခဲ့တော့
ကိုယ်ရံတော်တပ်ဖွဲ့က ငါတို့ကို အပြစ်ပေးမှာ
ပေါ့..ဟိုဂျပုကောင်က ငါတို့ကိုလိုက်ဖမ်းနေရင်
ဘယ်လိုလုပ်မလဲ.."

" အင်း..စည်းကမ်းချိုးဖောက်တာမှန်ပေမယ့်..
၇ ပြည်ထောင်ကိစ္စက ပိုအရေးကြီးတယ်လေ
အကိုဂျီယုံးရဲ့.. မြန်မြန်မဖြေရှင်းဘူးဆိုရင်
အိမ်ရှေ့စံရဲ့အသက်အန္တရာယ်စိုးရိမ်ရသလို..
အကိုပြောသလိုပဲ ဒီကျိန်စာကို ခုတုံးလုပ်ပြီး
ပုန်ကန်ကြမယ့် နိုင်ငံတော်သစ္စာဖောက်မှုကြီး
က ကသောင်းကနင်းဖြစ်ကုန်မှာ..ဒီထပ်ပိုပြီး
အချိန်ဆွဲထားလို့မကောင်းဘူးတော့ဘူးလေ
ဟုတ်တယ်မလား.."

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now