4 (U)

331 25 2
                                    

ဂျီယုံးရဲ့ အာပြဲလျှာပြဲအော်ငိုသံကြီးကို ကြားနေ
ရတော့..ဘေးမှာရှိတ့ဲကိုယ်ရံတော်သက်တော်
စောင့်တွေစိတ်ပျက်လက်ပျက်တွေဖြစ်သွားကြ
ပုံ ရတယ်။ ကြိုးကိုဆောင့်ဆွဲပြီး ခပ်တင်းတင်း
ပိုချည်နေကြတယ်။

ခေါင်းဆောင်လို့ထင်ရတ့ဲတယောက်က..

" ဘာလို့ အော်ဟစ်နေတာလဲ..နားနေဆောင်
ထဲမှာ အိမ်ရှေ့စံလေး စံမြန်းနေတယ်..ဆူညံ
ပူညံမလုပ်နဲ့.."

" ဘာလဲဗျာ..ခင်ဗျားက ဘာသိလို့လဲ..
အ့ဲအိမ်ရှေ့စံဆိုတ့ဲကောင်ကြောင့် ကျွန်တော်
ဒုက္ခရောက်နေပြီဗျ..ပြန်မယ် မနေဘူး..ပြန်ပို့
ပေး..အီး..ဟီးဟီးး"

ခုနကထက် ပိုကျယ်တ့ဲ အသံနဲ့ အော်ကွဲနေပြီး
မျက်ရည်စီးကြောင်းနဲ့ယောက်ယက်ခတ်နေတ့ဲ
ဒီသကောင့်သားကိုကြည့်ကာ..သည်းခံနိုင်စွမ်း
တွေကုန်ချင်လာတယ်။ တသက်နဲ့တကိုယ်ပါ..
ဒီလို မထော်မနန်းအဝတ်အစားတွေ ဝတ်ထား
တ့ဲ လူသတ်သမားမျိူးမတွေ့ဖူးခ့ဲတော့..
သက်တော်စောင့်ခေါင်းဆောင်မှာ စိတ်ရှုပ်လာ
တော့တယ်။

ဓားကို ရွှမ်းကနဲ..ဆွဲထုတ်လိုက်ပြီး..

" ဟာ..ဒီကောင် ပြောလေကဲလေပါလား..
အခုချက်ချင်း မတိတ်ရင် လျှာဖြတ်ပြီးခွေးကျွေး
လိုက်မှာ..အိမ်ရှေ့စံလေးကိုတောင် စော်ကား
မော်ကားပြောရဲတယ်..မင်းလိုကောင်စားမျိုးကို
တမြေ့မြေ့နဲ့မျှင်းသတ်ပစ်ရမှာ..မင်းအသက်ကို
ဖက်နဲ့ထုပ်ထားလိုက်တော့.."

၀ှီးကနဲ အသံသာကြားလိုက်ရပြီး..ဂျီယုံးမှာ သူ့
ပါးကို ချွန်မြမြအရာကြီး လာထောက်ထားတာ
ခံစားလိုက်ရတော့..အင် ကနဲပဲ။

အသံကြောင့်ဖားသေဆိုတာ ဒါမျိုးနေမှာ။
သောက်အပေါက်ကိုပိတ်ထားလိုက်တော့..

ချွန်မြနေတ့ဲဓားဦးက သူ့ပါးစောင်ကိုထိုးခွဲတော့
မယ့်အရိပ်အယောင်တွေကြောင့်မို့..ဂျီယုံးမှာ
အော်ငိုမိနေတာတွေကို အတင်းကာရောပဲ..
ဘရိတ်အုပ်လိုက်ရတယ်။

အု..ဖလု..အု..ကျဥ..တကယ်လုပ်မယ့်ပုံကြီး။
အသည်းကြမ်းနဲ့လူကြီး။ ဒါလေးအော်တာကို
ရက်စက်ချင်နေတာ

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now