15 (U)

202 14 0
                                    

Once Upon A Time
Part 15

ဆွန်းရီနဲ့ ဟိုတပ်မှူးခေါင်းဆောင်ဂျပုကောင်တို့
အဆောင်ပြင်ထွက်သွားတာ တော်တော်လေး
ကြာနေပြီ။ဘာတွေများဖြစ်နေကြလဲတော့မသိ
ဘူး။ ချွဲစစ်သူကြီးနဲ့သွားတွေ့တာဆိုတော့ ဘာ
မှတော့ မဖြစ်လောက်ပါဘူး။

အဆောင်ထဲမှာလည်း ရံရွှေတော်နှစ်ယောက်
က သူ့ကိုမော့တောင်မကြည့်။ ရေသောက်ချိန်
တန်ရင် ရေခပ်ပေးတယ်။ ရေနွေးသောက်ချိန်
တန်ရင် ရေနွေးခပ်ပေးတယ်။ စားစရာ အချိုပွဲ
တွေဆိုတာ ကလည်း အစီအရီပဲ။ တကယ့်ကို
လိုလေသေးမရှိပါပဲ။ ပုံမှန်ဆိုရင်..ဒီလှတပတ
လေးတွေနဲ့ ပရောပရည်လုပ်ချင် စိတ်ရှိမှာမှန်
ပေမယ့်..အခုတော့ သူ့မှာနောက်ဆံတင်းနေရ
တာမို့ သိပ်တောင်အဖက်မလုပ်မိဘူး။

စောင့်နေရတာ ကြာလာတော့ စောင့်နေရင်းနဲ့
ဂျီယုံးတယောက် တော်တော်လေး ခြေမကိုင်မိ
လက်မကိုင်မိဖြစ်လို့လာတော့တာပေါ့။ဒီအကြံ
ကို အစကတည်းက ဘုရင်ကလက်မခံချင်ဘူး
မို့လား..တော်ကြာနေ ဆွန်းရီတို့ကိုပုန်ကန်ချင်
ပါတယ်ဆိုတ့ဲ စွပ်စွဲချက်နေတ့ဲ အပြစ်ပေးလိုက်
ရင် ဘယ်လိုလုပ်မလဲ။ အ့ဲဘုရင်တွေဆိုတာက
သွေးသားရင်းချာတွေကိုတောင်မှ..သူတို့လက်
ထဲက အာဏာကိုလုချင်တယ်ထင်ရင် လက်စ
တုံးတတ်ကြသေးတာမလား။

အခုကိစ္စကလည်း သူ့လက်အောက်မှာရှိနေ
တ့ဲ ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေး
ခိုင်းရမှာဆိုတော့..စကားလေးတခွန်းမှားတာနဲ့
ပိုးစိုးပက်စက်တွေ အဓိပ္ပါယ်ကောက်လွဲသွား
နိုင်တယ် အရင်တခါကလည်းငြင်းထားပြီးသား
ကို အခုတခါထပ်ပြောကြမယ်ဆိုတော့ အင်း..
သောက်တလွဲမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရ
မှာပဲ။

ငါ ပေးလိုက်တ့ဲအကြံကမှားများမှားသွားပြီလား
လခွမ်းပဲ အ့ဲလိုမှမလုပ်ရင်လည်း သူတို့အကုန်
လုံး ကျဉ်းထဲကျပ်ထဲမှာပိတ်မိနေတော့မှာလေ။
တကယ်လို့ ဆွန်းရီကိုသာ ဖမ်းထားရင်..
ဟေး၀မ်ဆီကိုသွားပြီး အကူအညီတောင်းသင့်
တောင်းရမှာပဲ။ ငါလူးမ မအေဘေး ဘုရင်
အသိတရားရစမ်း..အကုန်လုံးကို လက်ဝါးကြီး
အုပ်ချင်မနေနဲ့ အာဏာဆိုတာသေရင်ပါမသွား
ဘူး သောက်နလပိန်းတုံးအဖိုးကြီးရဲ့။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now