41 (U)

219 17 0
                                    

ဆွန်းရီနဲ့ဆက်ပြီးရန်ဖြစ်နေရဦးမှာကို တွေးရင်း
အိမ်ပြန်ချင်စိတ်မရှိဘူး ဖြစ်နေတယ်။ သူ့ကိုယ်
သူတောင်မပိုင်ပဲ တဖက်လူကို အပိုင်လိုချင်တ့ဲ
မျှော်လင့်ချက်ဆိုတာကို တကယ်မုန်းတယ်။

တကယ်ကြီး ပိုင်ပါပြီတ့ဲ..ထားခ့ဲရမှာပဲမို့လား။
အနာပေးလိုက် ဆေးကျွေးလိုက်..ကျွေးနေတ့ဲ
ဆေးက အဆိပ်မှန်းသိသိကြီးနဲ့လည်း အသေ
ခံပြီး ကျေကျေနပ်နပ် စားပေးရမှာလား။ ကျန်ခ့ဲ
ရမယ့်နေ့ရက်တိုင်းအတွက် အဆိပ်သင့်နေတ့ဲ
နှလုံးသားနဲ့ ဆက်ရှင်သန်နေခ့ဲရမှာလား။

ဒီမှာ တသက်လုံးနေမှာမှ မဟုတ်တာဆိုပြီး..
ဘာလို့ အကို့ကိုလိုအပ်ပါတယ်လို့ပြောထွက်ခ့ဲ
တာတုန်း။ အေးပါ လုပ်စမ်းပါ..မင်းက အဓိက
ဇာတ်ဆောင်ကြီးပဲဟာ..ဒီကကောင် သေသေ
ရှင်ရှင် ဂရုမစိုက်နဲ့ပေါ့။

အပြစ်မပြောသင့်မှန်းသိပေမယ့်..ဂျီယုံး အငေါ်
တူးချင်မိတယ်။စိတ်ထဲကပါ။ လူချင်းဆိုရင်..အ့ဲ
မျက်နှာလေးကို မြင်ပြီး စကားနဲ့နာကျင်အောင်
လုပ်ဖို့နေနေသာသာ အပိုင်သိမ်းထားပစ်လိုက်
ချင်တ့ဲစိတ်တွေက တဖွားဖွားနဲ့မို့..အရှုံးသမား
ကြီး ဖြစ်နေရတာပေါ့။ စိတ်ဆိုးသွားတ့ဲ ဆွန်းရီ
ကို ချော့ဖို့ကလည်း..သူ့ဟာသူတောင် သူ့စိတ်
သူ အနိုင်နိုင်ရယ်။ ဆွန်းရီကပေးတ့ဲ ခံစားချက်
ပေါင်းသောင်းခြောက်ထောင်ကြောင့် ရူးမသွား
အောင် လွတ်ထွက်မသွားအောင် မနည်းထိန်း
နေတ့ဲလူလေ။ ရင်မဆိုင်ရဲရှာဘူး။

အ့ဲလိုနဲ့..မတွေ့ရတာကြာပြီဖြစ်တ့ဲဒယ်ဆောင်း
ဆီကိုပဲ ရောက်သွားတော့တယ်။ မျက်နှာသေ
ကြီးနဲ့ ရောက်ချလာတ့ဲသူ့ကို မြင်ပြီး အ့ံတောင်
သြသွားလေရဲ့။ အချိန်တန် အိမ်ပြန်ပြီး အပျော်
အပါးနဲ့ဝေးလာဝေးလုပ်နေလို့ လင်ရမှ ခြေငြိမ်
သွားတယ်လို့ အပြောခံထားရတာလေ။

အခုညကြီးမိုးချုပ် အဆောင်ကိုရောက်ချလာပြီး
အခန်းထောင့်မှာ ခွေနေတော့..

" ဘာဖြစ်လာတာတုန်း..မင်းက "

" ဘီယာတိုက်.."

ဒယ်ဆောင်းက ဘီယာတဗူးကမ်းပေးရင်း..သူ့
ဘေးမှာ လာထိုင်တယ်။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now