19

169 15 3
                                    

ဂျီယုံးက ရွာလူကြီးခေါင်းဆောင်နဲ့ပြောခဲ့သမျှ
စကားတွေကို ဆွန်းရီဆီ အကြောင်းစုံပြန်ရှင်း
ပြတော့..ဆွန်းရီရဲ့မျက်နှာက သိသိသာသာကို
ဝင်းပလာပြီး..

“ အကိုဂျီယုံးက တော်လိုက်တာ..ကျွန်တော်
ကြားဖူးတာက..အနောက်ပိုင်းသားတွေဆိုတာ
ရှေးရိုးစွဲတဲ့ လူမျိုးစုတွေချည်းပဲတဲ့..ပြောရဆိုရ
ခက်ပြီးခေါင်းမာကြတယ်တဲ့..အခုတော့ အကို
ကြောင့် ဒီလိုဆွေးနွေးဖို့ကိစ္စကို အလွယ်တကူ
လက်ခံပေးတာ မယုံနိုင်စရာပဲ..”

“ ဟဟား..မင်းကလည်း မြှောက်နေပြန်ပါပြီ
ငါက လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ
ကို နည်းနည်းပါးပါး ရမ်းသမ်းမှန်းသမ်းနဲ့ ပြော
လိုက်လို့ပါ..ဘယ်လိုပြောရမလဲ..အနာကိုသိမှ
ဖြေဆေးရှိတဲ့သဘောပေါ့.."

“ အကို စကားပြောတာကိုက တော်နေလို့ပါ..
မနှိမ်ချပါနဲ့..အကိုက ကျွန်တော်နဲ့တွေ့ကတည်း
က ဒီဘက်က အခြေအနေတွေကို အများကြီး
စုံစမ်းနေစရာမလိုပဲ ခြုံငုံပြီးသုံးသပ်ပြနိုင်တယ်
လေ..ကျွန်တော် တကယ် လေးစားရပါတယ်..
အကိုသာ ကျွန်တော့်ဘေးမှာမရှိရင်မဖြစ်ဘူးပဲ
အကို့ကျေးဇူးနဲ့ တဆင့်တော့ အောင်မြင်သွား
တာပေါ့..”

ဆင်းရဲဒုက္ခတွင်းထဲကျရောက်နေတဲ့ အနောက်

ပိုင်း ပြည်နယ်ရဲ့အခြေအနေကို ခန့်မှန်းနင်းပြီး
ပြောလိုက်ရုံပဲကို.. ဒီကောင်လေးကတော့လေ
သိပ်သိပ်မြှောက်..

စိတ်ထဲကနေလှိုက်တက်လာတဲ့ဘ၀င်မြင့်စိတ်
တွေကို အတင်းပြန်မြိုချလိုက်ကာ..ဆွန်းရီကို
စပ်ဖြီးဖြီးနဲ့သာငေးကြည့်နေလိုက်မိတော့တယ်
စိတ်ထိခိုက်မှုတွေနဲ့ ကြုံခဲ့ရတဲ့ သူ့ညီလေးခမျာ
အခုမှပဲ ပြုံးနိုင်တော့တာမလား။
သူ့ကို အားကိုးတကြီး ကြည့်နေတဲ့ပုံစံလေးကို
မြင်ရတော့..စိတ်ထဲမှာ ကြည်နူးမိရတယ်။
ဒီကောင်လေးရဲ့ အခက်အခဲတွေအတွက် အခု
လိုမျိုးတဖက်တလမ်းကနေ အကူအညီပေးနိုင်
တယ်ဆိုတော့မှ ရင်ထဲမှာ ချောင်ချောင်ချိချိနဲ့
နေလို့ကောင်းလာကလည်း အမှန်ပါပဲ။

ငါ တော်တယ်..ဂျီယုံးလေးက အတော်ဆုံး..

ဆွန်းရီအတွက် သွေးသောက်အကိုကောင်း
တယောက်ဖြစ်သွားပြီ..

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now