20 (U)

220 14 0
                                    

နှင်းတွေရဲ့ကြား..သူ့ရင်ခွင်ထဲမှာ လဲကျသွားတ့ဲ
ဂျီယုံးကို..ဆွန်းရီ အလန့်တကြားနဲ့ပွေ့ထူလိုက်
ပြီး အသက်ရှူနှုန်းကို အရင်စမ်းတော့ အသက်
ငွေ့ငွေ့လေးပဲ ကျန်ရှိနေတာကို သတိထားမိပြီး
တော်တော်လေးလည်း လန့်သွားရတာပေါ့။

ပြာနှမ်းနေတ့ဲ နှုတ်ခမ်းလေးကို ငုံ့ကြည့်မိတော့
အလိုအလျောက်ပဲတံတွေးကိုတချက်မြိုချလိုက်
ရင်း..အမြန်ပွေ့ချီကာ စခန်းဆီ အမြန်ပြန်လာရ
တော့တယ်။ကိုယ်ရံတော်တွေက ကူပွေ့ပါ့မယ်
ပြောပေမယ့်သ့ူလက်မောင်းတွေမှာခိုတွယ်နေ
တ့ဲအကို့ကို သူများဆီမပေးလိုက်ချင်ဘူး။ ငယ်
ငယ်လေးကတည်းက သူ့အပိုင်ရယ်လို့မရှိခ့ဲတ့ဲ
ဒီလောကကြီးမှာ.အကို့ကို သူ့အပိုင်အဖြစ် သူ့
အနားမှာပဲ ထားချင်မိတယ်။ ဒီအတိုင်း..အကို
တယောက်အဖြစ်နဲ့။

မီးဖိုတွေဖိုပြီး အကို့ကိုနွေးစေပေမယ့်..အအေး
ဓာတ်တွေကလျော့ကျမသွားသေးဘူး ဒုက္ခပါပဲ
ဘယ်လိုလုပ်ရပါ့မလဲ။ အကို့တကိုယ်လုံး အေး
စက်နေတာမှ ရေခဲလိုပဲ။ဘာလို့များ ဒီလောက်
အေးနေတာကိုမညီးမညူပဲ ဘေးနားမှာ ရပ်နေ
ပေးတာပါလိမ့်။ ဘာလို့များ တခါမှမငြင်းဆန်ပဲ
သူ ပြောသလို အကုန်လိုက်လုပ်ပေးနေတာပါ
လိမ့်။ ဘာလို့များ ဒီလိုအသက်အန္တရာယ်တွေ
ကြားထဲမှာ မကြောက်မလန့်နဲ့နေရာတကာကို
လိုက်ပေးနေတာပါလိမ့်။

အကိုကကိစ္စအကြီးကြီးတွေကို ခြုံငုံတွေးတော
ပြီး ေ၀ဖန်ကောက်ချက်ချနိုင်မေယ့် အနီးအနား
က အလိမ်အညာတခုကိုတော့ အခုထိ မရိပ်မိ
ရှာသေးဘူး။ ဟေး၀မ်ကြောင့်တ့ဲလား အကိုရာ
သူ့ကိုသဘောကျတယ်ပေါ့။

မီးဖိုဘေးမှာ ဘယ်လိုမှနွေးမလာနိုင်တ့ဲအဆုံး
ဆွန်းရီမှာ ဂျီယုံးကိုပွေ့ချီကာ ကုတင်ပေါ်တင်ရ
ပြန်တယ်။ နှင်းရေစက်တွေကြောင့် အေးစက်
တောင့်ခဲနေတ့ဲ ဝတ်ရုံတွေကို အကုန်ချွတ်ကာ
အသားချင်းထိတွေ့ပြီး ကိုယ်ငွေ့နဲ့နွေးစေတော့မှ..အအေးဓာတ်တွေလျော့ကျသွားတော့တယ်

ဒါပေမယ့်..အေးလို့တုန်လာတ့ဲ ဂျီယုံး.. အနား
က အပူငွေ့ပေးနေတ့ဲ ခနာကိုယ်ကို အငမ်းမရ
လှမ်းဆွဲဖက်ကာ တက်ပါခွထားတော့တာပေါ့။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now