3 (U)

350 22 0
                                    

ရေတွေက အေးစက်နေတာပဲ..

ဂျီယုံးမှာ..ဖင်ကနေ ဆောင့်အကန်ခံလိုက်ရပြီး
ဟန်ချက်ပျက်ကာ အရှိန်နဲ့ကျသွားတာဆိုတော့
ကန်အောက်ခြေထိ နစ်သွားတယ်။

ပိန်ပိန်ပါးပါး သူ့ကိုယ်လုံးလေးက ခဲနဲ့ချည်ပြီး
ဆွဲချလိုက်သလို..မြှုပ်သွားတာ အ့ံသြစရာပဲ။

ပြီးတော့..နန်းတွင်းထဲက ရေကန်တွေက
ဒီလောက်ကြီး နက်မယ်မှန်း သူ မသိခ့ဲဘူး။

ရေကူးတတ်လို့ တော်သေးတာပေါ့။
ရေမကူးတတ်တ့ဲလူသာ..ဒီလောက်နက်တ့ဲရေ
ကန်ထဲ ပြုတ်ကျသွားခ့ဲရင် မတွေးရဲစရာပဲ။

ရေကန်ကအနက်ကြီးကို..ဘေးမှာ သတိပေး
ဆိုင်းဘုတ်တို့..အကာအကွယ်တို့ မထားတာ
တော်တော် အန္တရာယ်များတယ်။

အရေးအကြောင်းရယ်..ရေကူးတတ်အောင်
ဆိုပြီး..ရေကူးကန်ထဲပစ်ချကာ ရေကူးသင်ပေး
ခ့ဲတ့ဲ ကျေးဇူးရှင် ပုဗ္ဗာစရိယဂိုဏ်း၀င် ဖခင်ကြီး
ကိုလည်း စိတ်ထဲကနေ လှမ်းပြီး အောက်မေ့
တမ်းတကာ ကန်တော့လိုက်ရတာပေါ့။

ရေပြင်ပေါ်ကို ပြန်တက်ဖို့ ခြေထောက်ကိုခတ်
လိုက်တော့..အောက်က ပျော့စိစိတွေကိုကန်မိ
တယ်။ အထိအတွေ့အရဆိုရင်..ရေမှော်တွေ
ဖြစ်ရမယ်။

အေးလေ..ရေသေဆိုတော့ ရှိမှာပေါ့။

ရှိတာကအရေးမကြီးဘူး..ကန်အောက်ခြေက
ရေမှော်တွေ..နွယ်တွေက အရှင်တွေနေမယ်။
သူ့ခြေထောက်တွေကိုလာပတ်ပါလေရော..

ရုတ်တရတ်ဆိုတော့..
ရုန်းလို့မရ..ရေကူးလို့လည်းမရ..
ဂျီယုံး တော်တော်လေးလန့်သွားတယ်။

ရေကူးတတ်တယ်ဆိုပေမယ့်လည်းပေါ့နော်..
ရေနစ်နေသလိုပဲ..
အခုလောလောဆယ်..ရေထဲမှာနစ်နေရတ့ဲ
အခြေအနေကြီးကိုတော့ တကယ်မကြိုက်ချင်
ဘူး။ အခန့်မသင့်ရင် သေသွားနိုင်တယ်လေ။

သေသွားရင်..ဒီခန္ဓာကိုယ်ကြီးက ရေတွေနဲ့နူး
လာပြီး ပွစိပျော့လဖတ်ကြီးဖြစ်လာမှာ..ငါးတွေ
ကလည်း ၀ိုင်းတွတ်ကြမှာ။ သေပြီးသွားလို့..
မနာပေမယ့် အလောင်းပြန်ဆယ်တ့ဲအခါကျ..
ရုပ်ပျက်ဆင်းပျက်ကြီး မဖြစ်ချင်ပါဘူး။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now