28 (U)

212 17 1
                                    

ဂျီယုံးက ပြောပြဖို့ကို ငြင်းဆန်နေဆဲပဲ။
ဒယ်ဆောင်း ဘယ်လိုပဲ စကားနှိုက်ထုတ် နှိုက်
ထုတ်..ဆွန်းရီနဲ့ ပတ်သတ်ပြီး ဘာကိုမှထုတ်
မပြောပြခ့ဲဘူး။

တိတ်ဆိတ်ငြိမ်သက်တ့ဲ ကန်ရေပြင်ရဲ့အောက်
မှာ..ကျယ်ပြန့်နက်ရှိုင်းတ့ဲ အသူတရာချောက်
ကြီးရှိနေသလိုမျိုး တစုံတယောက်နဲ့ပတ်သတ်
တ့ဲ စိတ်ခံစားချက်တွေအကုန်လုံးကို ထည့်မြှုပ်
ပြီး သိမ်းထားခ့ဲတော့တာပေါ့။

တခါတရံ ရှုံ့ကြိုးအိတ်လေးထဲကဆံပင်စလေး
တွေ..ဆံထိုးလေးနဲ့ ကျောက်စိမ်းပြားလေးကို
ထုတ်ကြည့်မိတာကလွဲလို့ ဖြစ်ပျက်ခ့ဲတ့ဲ အရာ
အားလုံးကို မေ့ပစ်ဖို့ ကြိုးစားနေဆဲ ကြိုးစားနေ
မြဲပါပဲ။ သူနဲ့ဘယ်တော့မှမဆုံခ့ဲ..မတွေ့ခ့ဲဖူးတ့ဲ
ဂျီယုံးအဖြစ် ပြန်နေနိုင်ဖို့ ကြိုးစားသွားဦးမှာ။

“ မင်းစိတ်ထဲ သိမ်းထားတော့ရော..မင်း ခံစား
နေရတာတွေက သက်သာသွားမှာမို့လို့လား..
ငါ့ကိုတောင် ဖွင့်မပြောနိုင်ဘူးဆိုတော့ ဘာမို့
လို့လဲ..”

ဒယ်ဆောင်းရဲ့မေးခွန်းတိုင်းကို လျစ်လျူရှုပြီး
မကြားချင်ယောင်ဆောင်နေခ့ဲရင်း..စာသင်နှစ်
၀က်ကုန်ဆုံးသွားပြီ။ အဆောင်ကနေ အိမ်ကို
ပြန်လာနေရတ့ဲအချိန်တွေမှာ..သူ နည်းနည်း
စိတ်သက်သာရာရလာတယ် ပြောရမယ်။ သူ့
အမက ကြောင်လေးတကောင်မွေးထားတာမို့
အချိန်တော်တော်များများကအ့ဲကြောင်လေးကို
ထိန်းပေးရင်း အလုပ်ရှုပ်နေခ့ဲတာဆိုတော့..ရှုံ့
ကြိုးအိတ်လေးထဲက ပစ္စည်းတွေက အပြင်ကို
အလည်ထွက်ခွင့်မရတော့ဘူးပေါ့။

သူ့မိဘတွေကတောင်..မျောက်မူးလဲကောင်
အိမ်ကပ်နေတာ ထူးဆန်းတယ်ဟေ့ဆိုပြီး ၀ိုင်း
စနေကြလေရဲ့။ အဖေက ကျောင်းပြီးသွားရင်..
ဘာတွေဆက်လုပ်မလဲလို့မေးလာတော့မှ..သူ့
အနာဂတ်အကြောင်းကို စ စဉ်းစားမိဖြစ်တော့
တယ်။ ဒီနှစ်တွေမှာ..သူတကယ်ပဲ ပေါ့တီးပေါ့
ပျက်နေလွန်းအားကြီးလို့..ဘ၀ကို ဘယ်လိုရပ်
တည်ရမလဲ..ဘာနဲ့ အသက်မွေး၀မ်းကြောင်းရ
မလဲဆိုတာမျိုးကို တခါမှ ခေါင်းထဲမထည့်ခ့ဲမိရိုး
အမှန်ပါ။ အစစအရာရာ အဆင်ပြေပြီးချမ်းသာ
တ့ဲ မိသားစုက အငယ်ဆုံးသားလေးမို့ သိပ်ပြီး
အလေးအနက်ထား မတွေးခ့ဲတာလည်းပါမှာ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now