21

158 15 7
                                    

ညီလာခံခန်းမထဲမှာမို့..စစ်ရေးစစ်ရာတွေနဲ့
ပတ်သတ်နေတာမို့..အရေးကြီးကိစ္စတွေမို့..ဒီ
ချွဲဆန်ဟွမ်းက အရာရာသတိရှိပြီး ဇီဇာကြောင်
ဘုဂလန့်ကျတယ်လို့ထင်ထားမိနေတဲ့ ဂျီယုံးရဲ့
အတွေးတွေ တက်တက်စင်အောင်လွဲလေပြီ။

ဖြစ်ပုံက ဒီလိုရယ်..

ထမင်းစားပွဲဝိုင်းမှာ..သုံးယောက်သား ထမင်း
အတူတူထိုင်စားကြတော့..ဘာလို့မှန်းမသိဘူး
ဆွန်းရီက စားပွဲရဲ့အလယ်မှာ နေရာယူတော့..
သူနဲ့ ချွဲဆန်ဟွမ်းက မျက်နှာချင်းဆိုင်။ ဂျီယုံးမှာ
တူလေးစကိုင်ကာရှိသေးတယ်..အနှီ ချွဲလူကြီး
က..မျက်နှာချင်းဆိုင်ထိုင်နေရာကနေ ရွမ်းကနဲ
ဓားတလက် ခါးကြားထဲက ထုတ်လိုက်ကာ..
သူ့ကို စေ့စေ့ကြည့်နေရင်း..

“ သတိဆိုတာပိုတယ်မရှိဘူး..ဆွန်းရီ..ငါ့တပ်
ထဲမို့စိတ်အေးလက်အေးစိတ်ချလက်ချနေမယ်
စိတ်မကူးနဲ့..မြောက်ပိုင်းသူပုန်ကောင်တွေက
နေရာတကာမှာရှိနေနိုင်တယ်ဆိုတာကို သတိ
ထားဦး..မပေါ့ဆနဲ့..”

တဆိတ်လောက် ဘိုးတော်..ခင်ဗျား ဆွန်းရီကို
ပြောချင်ရင် ဆွန်းရီကို ကြည့်ပြီးပြောလေဗျာ..
ဘောက်မဲ့ကြောင့် ဒီကောင့်မျက်နှာကို ခင်ဗျား
ရဲ့မျက်လုံးကြီးက ပြေးလာကပ်တော့မယ့်ပုံမျိုးနဲ့
စိုက်ကြည့်နေတာတုန်းဗျ..

“ ဒီဓားက ငွေဓား..အဆိပ်အတောက်ဖြစ်စေ
မယ့်အရာနဲ့ထိတွေ့မိရင်အမဲရောင်ပြောင်းသွား
လိမ့်မယ်..”

စိတ်ထင်တာမဟုတ်ပဲ တကယ်ကြီးလာကြည့်
နေတာပဲ..အင်း..ဆက်ပြောပါဦး

“ ဒီဓားသာ အရောင်ပြောင်းသွားခဲ့မယ်ဆိုရင်
စားဖိုဆောင်မှာရှိနေတဲ့လူအကုန်လုံး သတ်ပစ်
လိုက်ရတော့မှာပေါ့..”

ဟုတ်ပါပြီ..အဲ့ဒါရိုးရိုးတန်းတန်းပြောလို့ရတယ်
လေ..ဘယ်လိုဖြစ်လို့ ကိုရီးယားဒရမ်မာကား
တွေထဲကလို ဒရမ်မာမျက်ခွက်ကြီးနဲ့ပြောနေရ
တာတုန်းလို့..ဟော..တွေ့လား..လာကြည့်နေ
ပြန်ပြီ..ငါ့များကြိုက်နေတာလား မသိဘူး..

အဲ့အကြည့်တွေက ကြိုက်နေတဲ့အကြည့်တွေ
ဟုတ်မနေမှန်းတော့ ဂျီယုံးမသိစရာအကြောင်း
မရှိပါဘူး။ ဒီအားကောင်း မောင်းသန် အကြမ်း
ပတမ်း ခပ်ချောချောအတောင့်အဖြောင့်ကြီးက
ယောကျာ်းချင်း မကြိုက်လောက်ပါဘူးလေနော့
ကြိုက်တတ်ရင်တောင် သူ့ကို မဟုတ်လောက်
ဘူး။ဘာလို့လဲဆိုတော့ အဲ့မျက်လုံးကြီးတွေက
ကိုင်ထားတဲ့ ဓားကိုတလှည့်..သူ့ကို တလှည့်
ကြည့်နေလို့ပေါ့။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now