P-1

17.6K 823 22
                                    

မိုးစက်​တွေကြားထဲ အ​ပြေးအလွှားလမ်းသွားကူးပြီး။ ပိုက်ဆံ အလှူခံ​နေတဲ့ အဖွားကို ထီး​လေး ​ပြေးလို့မိုး​ပေးတဲ့ချာတိတ်​​​လေး...။သူ့ထီး​လေးကို​ အဖွားဆီ​ပေးခဲ့ပြီး မိုး​ရေ​တွေထဲကိုပဲ ​ကျေနပ်စွာပြန်​ပြေးထွက်လာ​လေတယ်။

ရေလုံးကြီးကြီးနဲ့ကျလာတဲ့ မိုး​ပေါက်​တွေ​ကြောင့် ၀တ်ထားတဲ့ ​အောက်ခံတီ ရှပ် အင်္ကျီလေးက ​​ဗိုက်နဲ့ ရင်ဘက် တစ်ပြင်လုံးမှာချပ်ကပ်လို့ ။ အ​ပေါ်ထပ်
ရှပ်အင်္ကျီနဲ့ ၊ နှစ်လွှာစီးထားတဲ့ ဂုတ်​ထောက် ဆံပင်​လေးမှာလည်း မိုး​ရေစိုစွတ်မှု့​ကြောင့် ​လေမှာပျံမ၀ဲနိုင်​တော့ ။ ​ဘောင်းဘီအိတ်ကပ်ထဲက ဖုန်း​လေးကို​တော့ စိတ်ပူတယ်ထင်တယ်။ ခဏ​ထုတ်ကြည့်လိုက်ပြီး တက္ကစီကား​တွေကို တစ်စီးပြီးတစ်စီးတား​နေသည်။ ဘယ်ကားမှမရပ်​ပေး​သေး။

**************

"​ ဟေ့ ဆောင်းစက် ​ငေးလှချည်လား ​မောင်း​တော့ဟ pointစိမ်း​နေပြီ ​ ​နောက်ကကား​တွေ ဆဲ​တော့မှာပဲ "

မင်းလွင်စကား​ကြောင့် ကား​မောင်းဖို့ သတိပြန်၀င်လာပြီး ၊ ကားကိုဘယ်​ဘက်ကြောသို့ ကွေ့လိုက်တယ်။ ညာဘက်ယာဥ်လမ်း​ကြောဆီက မိုးစို​နေတဲ့ငှက်က​လေး ရော ကားရပါစ...။

*************

​နေအပူကြီးက ရွာချလိုက်တဲ့မိုး​ကြောင့် လူ​တွေ ဟိုး​ပြေးဒီ​​ပြေးနှင့်။ မိုးခိုသူကခို ။ထီးဖွင့်သူကဖွင့် ။ကား​ပေါ်တက်​ပြေးသူက​ပြေး ။

ကိုယ်က​တော့ ​နေပူပူမိုးရွာရွာထီး​ဆောင်တတ်သူမို့ လက်ထဲက​ဂေါ်ထီးကို ​အေး​အေးလူလူ ဖွင့်​ဆောင်းလိုက်ဖို့သာပြင်မိသည်။ သို့​ပေမယ့် ကားလမ်းတစ်ဖက်ကမ်းက အဖွားတစ်​ယောက်က​တော့ ထီးပါမယ်ရယ်မထင် လက်ထဲက ပိုက်ဆံခွက်​လေးကိုသာ ခန္ဓါကိုယ်နဲ့မိုးကာထားတာမို့ မ​နေနိုင်စွာ ကိုယ့်ထီး​လေး အ​ပြေး ​ပေးမိသည်။

​ခဏကြာကာမှသတိရ​တော့၊ ဟာ ဖုန်းနဲ့ ပိုက်ဆံ​တွေ​တော့ မိုးစိုပြီ။ ဖုန်းကို ထုတ် power အမြန်ပိတ်ပြီး။ ကားငှားဖို့တားလိုက်တယ် ကား​တွေက တစ်စီးမှမရပ်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now