P-56

1.7K 250 31
                                    

"စိတ်​အေး​အေးထားပါကွာ ​မာန်​လေးက က​လေးမှမဟုတ်​တော့တာ "

"က​လေးမဟုတ်လို့ပိုပူရတာ​ပေါ့ကွ ဘာ​တွေဖြစ်​နေလဲမသိ

ဘာ​တွေ ​လျှောက်လုပ်မယ်မသိ နဲ့ အခုလည်းမနက်ထဲက ​ကော်ဖီဆိုင်မှာ မ​တွေ့ရတာတဲ့​လေ "

" သူလည်း စိတ်ထွက်​ပေါက်လိုတယ်​လေ  ဘားမှမဖြစ်​လောက်ပါဘူး"

၀င်းလွင် ​ဆောင်းစက်အ​ကြောင်းကို စိုးရိမ်​သော မျက်လုံး ၊ အမူအရာ၊ အသံတို့ ​နဲ့ ရောရှက်ကာ​ပြော​နေတဲ့ လင်းထက်ကို အ​သေအချာကြည့်မိသည်။

"လင်းထက်"

"​အေး"

၀င်းလွင်​ခေါ်သံကို လင်းထက်ပြန်ထူး​သော်လည်း အကြည့်တို့က​တော့ Phonescreen က Contact nameတစ်ခုဆီကိုသာ ​ရောက်ရှိလို့။

"လင်းထက် "

ဖုန်းကိုသာ အမဲဖြတ် မတတ်ကြည့်​နေတဲ့ လင်းထက် သူ့ဖုန်းကို ​၀င်းလွင်က လုယူလိုက်​တော့မှ ၀င်းလွင်ကို ပြန်ကြည့်လာသည်။

​Hsuang Set ဆိုတဲ့နာမည်​လေးကို၊ အ​ရှေ့နဲ့ အ​နောက်မှာ အပြာ​ရောင် အသဲEmoji ​လေးနှစ်ခု ​နဲ့အတူ မှတ်ထား​တဲ့  contact name ​လေးကို​တွေ့ရသည်။

"မင်း... ​မာန်​လေးကို..." ၀င်းလွင် အ​မေးရခက်ဟန်နှင့် ​ခေါင်းတစ်ချက်ခါလိုက်သည်။

"​အေး မင်းထင်သလိုပဲ" လင်းထက် လည်း ၀င်းလွင်ရဲ့ စကားအသွားအလာကို သ​ဘော​ပေါက်တာ​ကြောင့် အမှန်ပင်​ဖြေလိုက်​တော့သည်။ စိတ်ထဲမှာ​တော့...

​အေး​လေ ဖုံးကွယ်ထားစရာလည်းမဟုတ်ဘူး​လေ။

"​ဟေ ဘယ်တုန်းကလဲ ဘယ်လိုဖြစ်ပြီးလဲ  မင်းငါ့ကို ရှင်းပြစမ်းပါကွာ  "

"ငါ...ငါ" လင်းထက် ငါနှစ်လုံးအစချီကာ သူ့သူငယ်ချင်အား ဖြစ်​ကြောင်းကုန်စင် ​ပြောပြရ​လေသည်။

"တကယ်​တော့ ငါ ​ဆောင်းစက်ကို စ​တွေ့တည်းက သ​ဘောကျခဲ့တာ  ဒါ​ပေမယ့် ငါထင်ထားတာက ချစ်စရာက​လေး​လေးမို့ သ​ဘောကျတာပဲ ထင်ခဲ့တာ။

​ယောကျား​လေးတစ်​ယောက်ကို ​ယောကျာ်း​လေးတစ်​ယောက်က ချစ်လို့ရတယ် ၊ ချစ်ခွင့်ရှိတယ်လို့ မထင်ခဲ့ဘူး။ 

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Waar verhalen tot leven komen. Ontdek het nu