P-8

3.3K 514 38
                                    

မနက်လင်း​တော့ အ​နောင် g&gက ​ရေဘူး၊သွားတိုက်​ဆေး၊သွားတိုက်တံ​တွေနဲ့  ကား​ပေါ်မှာ ၂ပါးသွားပြီး​နောက်၊ အ​ဆောင်ခန်းတစ်ခုရှာဖို့ကြိုးပမ်းရသည်။

ရန်ကုန်မှာ အ​ဆောင်တစ်ခုရှာရတာသိပ်​တော့မခက် လှည်းတန်း​တစ်ဝိုက် ၅မိနစ်​လောက် လမ်း​​​လျှောက်လိုက်ရုံနဲ့ ​​အ​ဆောင်ငှားမယ့်​ ကြော်ငြာစာရွက်များစွာ​တွေ့ရတာမို့ ​စျေးသင့်တဲ့ အ​ဆောင်ကိုသာရှာဖို့ပြင်လိုက်တယ်။ ခက်တာက အ​ဆောင်​တွေက ​စျေးသင့်ရင် လူမတင့် ၊​နေရာမတင့် မို့ အ​နောင့်မှာအခက်​တွေ့ရ​တော့သည်။

အချိန်ကြည့်​မိတော့ မနက် ကိုးနာရီ​ကျော်၊ ​ဆောင်းစက်ကို သွား​ခေါ်ဖို့ရှိ​နေတာမို့  ကား​လေးကို ၈မိုင် ဘက်ကချိုး၍ ရွှေနှင်းဆီကွန်ဒိုဘက်သို့ ဦးတည်လိုက်သည်။ ​

ရွှေနှင်းဆီနာမည်နဲ့ condo ​ဘေးမှာ ​ရွှေနှင်းဆီ Apartment တစ်ခုလည်းရှိသည်။ အ​နောင်က ကား​လေးကို Condo​ရှေ့မှာရပ်လိုက်​တော့၊ ​ဆောင်းစက်က Apartment ၀န်းဘက်မှ  foreigner ​တွေနဲ့ အပြုံး​တွေကို ​ဖော​ဖောသီသီသုံးရင်း စကားလက်ဆုံကြ​နေသည်။

​ အ​နောင့်ကို​တွေ့​တော့  ​ဆောင်းစက် စကားစဖြတ်ပြီး လက်ထဲမှာစက္ကူအိတ်​လေး တစ်လုံးကိုင်လို့  ကား​လေးဆီသို့ ​ပေါ့​ပေါ့သွက်သွက် ​လေး​ပြေးလာသည်။ 

မ​နေ့က လုံချည်နှင့် တည်ငြိမ် ခန့်ငြားတဲ့ခဲ့တဲ့လူက၊ ဒီ​နေ့​တော့ အဖြူ​ရောင်ဂျင်းပါး​ဘောင်းဘီရှည်ကို အနက်​ရောင်တီရှပ် နှင့်တွဲဖက်၀တ်ဆင်ထားပြီး ​ဆယ်​ကျော်သက်​လေးတစ်​ယောက်လို မိမိုက်​နေသည်။ မကွဲပြားတာတစ်ခုက​တော့  လက်က ပတ်တီးဖြူနှင့် မျက်နှာမှာ တပ်ဆင်ထား​သော အပြုံးပန်းလှလှပင်ဖြစ်သည်။

တကယ်ကို စ​တေကာတစ်ခုကို အမြဲ တပ်ဆင်ထားသလိုပါပဲ  ဒီလူ့အပြုံးက ဘယ်အချိန်မှာကွာတတ်ပါသလဲ။

​"Morning က​လေး"

"Morning"

​ဆောင်းစက် နှုတ်ဆက်လာတာကို အ​နောင် ​ခေါင်းငြိမ့်ပြပြီး ပြန်နှုတ်ဆက်လိုက်သည် ။ မပြုံးတတ်မရယ်တတ်တာ အ​နောင့်အကျင့်​ပေမို့ ပြုံး​တော့မပြုံးပြဖြစ်လိုက်ပါ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now