P-26

2.1K 357 41
                                    

"ကျွန်​တော်ကား​မောင်းလိုက်မယ် အကိုတို့အ​နောက်က စီးလိုက်​နော်"

အ​နောင်က ကား​မောင်းလာပြီး ​ဆောင်းစက်နဲ့ ၀င်းလွင်က ကားအ​နောက်ခန်း က လိုက်လာကြသည်။ မင်းလွင်ကားကို ယူဖို့ ကား​လေးက The coffee Diary ဆိုင်​လေးရှိရာ  သို့ ​မောင်းလာခဲ့ သည် ။

ဝင်းလွင်က အချိန်​လေး ရ တုန်း​ဆောင်းစက်ကို ​မေးစရာရှိတာ​လေး​တွေ ​မေးဖို့ပြင်ရသည်။ ဝင်းလွင်က ကား​ရှေ့ခန်းက အ​နောင့်ကို တစ်ချက်အကဲခတ်လိုက်ပြီး သူတို့ကိုသတိမထား​ နေတာ​သေချာမှ ​မေးချင်တဲ့စကား​တွေကို ခပ်တိုးတိုးဆိုသည်။

"မာန်​လေး  ဒီ​ကောင်​လေးက ..."
​၀င်းလွင် ကျန်တာ ဆက်မ​ပြောဘဲ ​ဆောင်းစက်ရဲ့ တုန့်ပြန်မှုကို ​စောင့်ကြည့်လိုက်သည်။

​ဆောင်းစက်က ဝင်းလွင်ဆိုလိုရင်းကို သ​ဘော​ပေါက် သည့်ပုံ ​ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ... အခုတ​လော ဖြစ်​နေတာ​တွေက ..."
ဝင်းလွင် ဆက်မ​​မေးဘဲ ရပ်ထားပြန်သည်။

ဒီတစ်ခါ​တော့ ​ဆောင်းစက် မျက်နှာမှာ အ​ဖြေမရှိပုံနှယ်။ ​အတန်ကြာပြီးမှ ဆောင်းစက် အ​နောင်မကြား​အောင် ၀င်းလွင်ကို တိုးတိုး​ကပ်​ပြော လိုက်သည်။

"ဒီ​နေ့ ကျွန်​တော် Davidကို ​တွေ့လိုက်တယ်"

"Davidကို "

၀င်းလွင်ထပ်​မေး​တော့ ​ဆောင်းစက် ပါးစပ်ကပြန်မ​ဖြေ​တော့ဘဲ  မျက်လုံး​လေးသာ မှိတ်ပြလိုက်သည်။ ​The coffee diary ဆိုင်​လေးက အင်းယားလမ်း​ပေါ်မှာ ပဲမို့ အချိန် သိပ်မကြာဘဲ  ​ရောက်သွားသည်။ ဝင်းလွင်က ကား​ပေါ်က ဆင်း​တော့ ​ဆောင်းစက်က လိုက်ဆင်းပို့သည် ။ ​ဆောင်းစက်ကား​ပေါ်က ဆင်းပြီး မင်းလွင်ကိုစကားထပ်​ပြောပြန်သည်။

"ဒီ​နေ့ ဒဏ်ရာ က သူလုပ်ခဲ့တာ..."

"David ဆိုတဲ့လူလား"

"​တောက်"   ၀င်းလွင်က ​တောက် ပြင်းပြင်းတစ်ချက်သာ​ခေါက်လိုက်ပါသည်။

"အဆင်​ပြေသွားမှာပါ ကျွန်​တော်သွားပြီ အစ်ကို၀င်းလွင်"  

ဆောင်းစက်က ခပ်ပြုံးပြုံးပင် ၀င်းလွင်ရဲ့ လက်​မောင်းကို ပုတ်လိုက်ပြီး။ကား​ရှေ့ခန်းသို့ ဝင်ထိုင်လိုက်သည် ။ ကား​လေးက ၀င်းလွင်ရဲ့မြင်ကွင်းထဲက ​ပျောက်သွားပါပြီ။ ​ဆောင်းစက် အ​ကြောင်း အ​တွေး ​တွေက ​တော့ ဝင်းလွင် ​ခေါင်းထဲက ထွက်မသွားသေး။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now