P-55

1.8K 279 36
                                    

မနက် ​လေးနာရီ စာထကျက်ပါ့မယ် ​ပြောထားတဲ့ သူ့ငှက်​လေးက ဖုန်း​ခေါ်​သော်လည်း မရတာ​ကြောင့် ​ဆောင်းစက် အိမ်ယာက ထလို့သာ Coffeeဆိုင်ကို အ​ပြေးလာရသည်။

"ဘာများဖြစ်လို့လဲ"

ဆိုင်​ရှေ့မှာ ကားရပ်ထားတာ​တွေ့တာမို့ အထဲ၀င်ကြည့်မိသည်။ အခန်းထဲ ၀င်​တော့ အထဲမှာ အ​နောင်နဲ့သက်ဆိုင်တဲ့ ပစ္စည်းမှန်သမျှ ဘာတစ်ခုမှမ​တွေ့​​တော့ဘဲ။ စာ​ခေါက်​လေးတစ်ခုကို ကား​သော့နှင့် ဖိထားတာ​လေး​တော့ စားပွဲတစ်ခုအ​ပေါ်မှာ အထင်းသား​တွေ့လိုက်ရသည်။

" ကျွန်​တော် အိမ်မှာပြန်​နေ​တော့မယ်။
ကျွန်​တော် အ​နေအစား​ချောင်​အောင် ခင်များရည်းစား အဖြစ်​နေခဲ့တာမဟုတ် ​ပေမယ့်။ ကျွန်​တော် အိမ်ပြန်​​နေရ​တော့မယ်ဆို​တော့ အ​ရေးမပါတဲ့ကိစ္စ​တွေမှာ အာရုံမစိုက်ချင်​တော့ဘူး။ ဒီအ​တော အတွင်း ကျွန်​တော့်ကို ကူညီခဲ့တာ​တွေအတွက် တကယ်ကို​ကျေးဇူးတင်ပါတယ်။ကျန်းမာ​ရေးကို ဂရုစိုက်ပါ။ "

​ဆောင်းစက် စာကိုဖတ်ပြီးတဲ့အခိုက် ဘားကိုမှ မ​တွေးမိဘဲ ကား​သော့ကို​ကောက်ယူလို့ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

"​ဆောင်းစက်မာန်"

အ​နောက်က ​နေ ​ဆောင်းစက်ရဲ့ ပုခုံး​ပေါ်ကို​ရောက်လာပါ​သော လက်တစ်စုံ။

***

"ပြဿနာ တက်ပြီ"

Meeting ခန်းထဲမှာထွက်လာတဲ့ Production ပိုင်းက မန်​နေဂျာရဲ့အသံ...။ဒီစကားသံ​ကြောင့်

ဒါရိုက်တာ​တွေက ဟိုကြည့် ဒီကြည့်နှင့် ဦးမြတ်စံနှင့် လင်းထက်သာ အိန္ဒြေရ​နေသည်။

"ကျွန်​တော်တို့ လွင်ထက် groupနဲ့ ချိတ်ဆက်မယ့် main  productကို ဂျပန်ဘက်က ဒီမနက်တင်ပဲ မိတ်ဆက်ပြီးသွာပြီတဲ့"

"ဒါဘယ်လို ဖြစ်တာလဲ"

"မြပန်ဝါတုန်းကလည်းလက်လွှတ်လိုက်ရတယ် ဒီ project​ရော ဘယ်သူကိုင်တာလဲ"

"ဘယ်သူတာ၀န်ယူမှာလည်း"

"ငါတို့ကို ဘာလုပ်​ပေးမှာလဲ"

မန်​နေဂျာ စကားအဆုံးမှာ ဒါရိုက်တာ​တွေကလည်း တစ်​ယောက်တစ်​ပေါက်နှင့် ဆူညံသွားကြသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now