P-10

3.2K 482 10
                                    

အ​နောင် ညီထက် စကားကို နား​ထောင်ပြီး ဦး​နှောက်ထဲ​တော့​သေချာမထည့်ဖြစ်လိုက် ၊ ​ကော်ဖီ​တွေကိုသာ မှာထားတဲ့Tableဆီသွားပို့ လိုက်သည်။ အခုအလုပ်ရှုပ်​နေတယ်မလား အားမှ ဦး​နှောက်ထဲပြန်စီ​တော့မည်။

***********

"အကို ၀င်းလွင် sorry​နော် ​တော်​တော်မိုးချုပ်​နေပြီကို ၊ တကယ်​တော့ ပိတ်ရက်မှ ​တွေ့မလို့ပါ ဒါ​ပေမယ့်..."

လေ​ရိုင်းတစ်သုတ်က ကန်​ရေပြင်ရဲ့ တည်ငြိမ်မှု့ကို ​ပွေ့ယူတိုက်စားသွားသလိုမျိုး ​ဆောင်းစက်ရဲ့ စကား​တွေကိုပါ သဲ့ယူသိမ်းစည်း သည်။​ဆောင်းစက်ရဲ့ ​နောက်ဆက်တွဲ စကားလုံးများက ဆက်ထွက်မလာ...
ထွက်လာတာက​တော့ ၀င်းလွင်ရဲ့ တိုးညှင်းညှင်း သက်ပြင်းချသံသာ...

"ဟင်း..."

"​မာန်​လေး..."

၀င်းလွင်က နှလုံးသားထဲက ​မေတ္တာ​တွေကို သူ့ရဲ့လက်ဝါး ၊ လက်ဖျား​တွေက တစ်ဆင့် ​​ကန်​ရေပြင်ကို ​ငေးကြည့်ကာပြုံး​နေတဲ့ ဆောင်းစက်ရဲ့ ပုခုံး​ပေါ်ကို ​ဖြေညှင်းစွာကူးစက်​စေသည်။

​ဆောင်းစက် သက်ပြင်းတစ်ချက်​တော့ ချလိုက်သည် ထင်သည်။ ဒါ​ပေမယ့် အပြုံးကပျက်မသွားဘဲ ပိုထင်ရှားလာတာ​ကြောင့် ​သက်ပြင်းချတာနဲ့ တူမ​နေဘဲ လက်လက်ဆက်ဆက် လေ​အေး​အေး​တွေကို တစ်၀ကြီးရှူသွင်းလိုက်ပြီး ​ကျေ​ကျေနပ်နပ်ကြီး ပြန်ရှိုက်ထုတ်လိုက် သလိုမျိုးသာ မြင်​တွေ့ရသည်။

"သိလား အကို၀င်းလွင်...အကိုရဲ့ အခုလိုအပြုအမူနဲ့ အခုလို အ​ခေါ်အ​​ဝေါ်ကို က Energy drinkတစ်ခွက် ​သောက်ရတာထက်​တောင် ပိုအားရှိ​စေတယ်
ကျ​နော့်အတွက် အကို အမြဲရှိ​နေ​ပေးရ​တော့မယ်ထင်တယ်"

"မာန်​လေး...အကိုကအမြဲ မာန်​လေးအတွက်ရှိ​နေမှာပါ
ဒါ​ပေမယ့် အကို့စိတ်ရင်းကို ​ပြောပါဆိုရင်​တော့ မာန်​လေး အကို့ကို ဒီ့ထက်ပို မလိုအပ်​စေချင်​တော့ဘူး..."

"ဖြစ်နိုင်ပါ့မလား...အကို၀င်းလွင်"

"အကို့​မေးခွန်းကို​ဖြေကြည့်​လေ..."

၀င်းလွင်က ​ဆောင်းစက် ပုခုံး​ပေါ်က လက် ကို ဖယ်လိုက်ပြီး ချထားတဲ့ ​​ခြေထောက်နှစ်ဖက်တည်းက တစ်ဖက်ကို ကိုင်ကာ ထိုင်ခုံ ​ပေါ်သို့ ​ခေါက်တင်လိုက်တယ်။ ၀င်းလွင်ကိုယ်က ​ဆောင်းစက် ဘက်ကို မျက်နှာမူလာ​တော့ ​ဆောင်းစက်ကပါ အလိုက်တသိ နဲ့ မျက်နှာချင်းဆိုင်ပြီး မျက်လုံးချင်း ဆုံမိ​အောင် လှည့်လိုက်တယ်၊ ပြီး​တော့ ပြုံးရင်းနဲ့ ​ခေါင်းတစ်ချက်ညိမ့်ပြတယ်။မင်းလွင်က မပြုံးမရယ် ၊ မမဲ့၊ မချီဘဲတည်တည်ငြိမ်ငြိမ်ပုံနဲ့ ​မေးခွန်းကိုစတယ်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now