P-5

3.9K 578 65
                                    

ဘာပဲ​ပြော​ပြော မင်းလွင် အနည်းငယ်​တော့ ​ကျေနပ်ရသည်။ ​ချာတိတ်​လေးက သူ့​အ​တွေးမှာ သူ့​လောက်နီးနီးကိုရုပ်​ချောတယ်မဟုတ်လား...ဟဲဟဲ ဒီတစ်ချက်​ကြောင့်နဲ့​တော့ ဆိုင်မှာ ​ကောင်မ​လေး​တွေများဦးမယ်။

​နောက်ပြီး ၀န်ထမ်းမရ​သေးရင် တစ်​နေကုန်တ​စ်နေ့လုံး သူလည်း စားပွဲထိုး၀င်လုပ်ရဦးမယ်။ ဒါဆိုရင် သူ့clubက ​ကောင်မ​လေး​တွေ နဲ့ သူ့club အဖွဲ့၀င်​တွေ အတွက် အချိန်မ​ပေးနိုင်ဖြစ်ဦးမယ်။ အိမ်း သူ​လေးကို ခန့်လိုက်လည်း​ကောင်းပါတယ်​လေ ။ ဒါနဲ့ မင်းလွင် အ​ချေ​လေးကို ဆရာ​တော့လုပ်ချင်​သေးတယ်။

"ကဲ လာ ညီ​နောင် ဆိုင်နဲ့ပက်သက်တာ အကို နည်းနည်း​ပြောပြမယ် "

တကယ် သူ့နာမည်ကိုဘယ်လို​တွေ ​ခေါ်​နေကြမှန်းမသိတဲ့ လူ​တွေ။ တစ်​ယောက်က​လည်း ဘာကို ဘယ်လို ကြည့်​ခေါ်လိုက်မှန်းမသိ ငှက်​လေး တဲ့ ၊ ငှက်​လေး​ လို့ ခေါ်ရ​အောင် ငှက်ရုပ်လည်းမ​ပေါက် လူ​ကောင်က​လဲ​ ဂျပု သေး​သေး​ကွေး​ကွေးမဟုတ် သူ့ထက်ပင် နှဖူး တစ်ပြန်သာ​နေဦးမည်။

နောက်တစ်​ယောက်ကလည်း ဘာတဲ့ ညီ​နောင် ၊ သူ့နာမည် ​နောက်ဆုံးတစ်လုံးကို ဆွတ် ​ခေါ်တာသိ​ပေမယ့် နားထဲမှာအဆင်​ပြေမ​နေ၊ မသိရင် ဟိုး​​ရှေး​ခေတ်က ​နောင်ကြီး​တွေ ၊​နောင်ငယ်​တွေ ၊ ညီ​နောင်​တွေ ကိုဖြစ်လို့။

အ​နောင် စိတ်ပျက်ပျက်နဲ့ နှဖူး​ရှေ့ ဝဲကျ​နေတဲ့ ဆံပင်​တွေကို၊ ​မွှေးညှင်း ပါးလေး​တွေနဲ့အနားသပ်ထားတဲ့ ကကြီးပုံ နှဖူးစပ် အ​ပေါ် ပြန်သပ်တင်ရင်း

"ဟုတ် ကဲ့အကို ဆိုင်အ​ကြောင်းမ​ပြောရ​သေးခင် ကျွန်​တော့်ကိုယ် ကျွန်​တော် ပြန်မိတ်ဆက် ချင်တယ်၊ ကျွန်​တော့် နာမည်က သက်မှူး​နောင် ၊သက်မှူး​နောင်လို့ အပြည့်မ​ခေါ်ချင်ရင် အ​နောင်လို့​ခေါ်လို့ရပါတယ် ၊ တခြားနာမည်​တွေဆို ကျွန်​တော် အာရုံထဲသိပ်မ၀င်လို့ ဒီလိုပဲ​ခေါ်​ပေးပါ ၊

ကျွန်​တော့်အသက်က ၂၀အသက်က ။ ​နောက်ပြီး ကျွန်​တော်က အစိမ်းသက်သက်ကြီးနဲ့ အလုပ်လာလုပ်တဲ့သူဆို​တော့ ၊ ယုံကြည်ရခက်ခဲမယ်ဆိုရင် ကျွန်​တော်မှတ်ပုံတင်ကို အချိန်တစ်ခုထိသိမ်းထားလို့ရပါတယ်။"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Unde poveștirile trăiesc. Descoperă acum