P-40

2K 313 40
                                    

"ဟာသွားပါပြီ" ​ဆောင်းစက်က အ​နောင့်ပါး​ပေါ်လက်တင်ထားတုန်း အ​နောင်ဆီက ရုတ်တရက် အာ​မေဋိတ်စကားထွက်လာတာမို့ ​ဆောင်းစက်မှာမျက်လုံးပြူးရပြန်တယ်။

"ဘာလို့လဲ က​လေး..."

"ဟား ...ကျွန်​တော့်ပါးတစ်ခြမ်း ချိုင့်သွား​တော့မှာစိုးလို့" ​အ​နောင်က ရိသဲ့သဲ့​လေးဆက်ပြုံးလို့​ပြော​တော့ ၊​​ဆောင်းစက် သူ့လက်ညှိုးလေးကို အ​နောင့်ပါး​ပေါ်မှ အသာယူပြီး သူ့နှာ​ခေါင်း​လေးကို သူပြန်ပွတ်သပ်​နေ​တော့တယ်။

"Sorry"

"ကဲ ကား​ပေါ်တက် ကျွန်​တော်လိုက်ပို့မယ်​နော်"

"ဟုတ်ကဲ့ပါဗျ" ​ဆောင်းစက်ကား​ပေါ်တက်တုန်း အ​နောင်သူ့အိတ်ကို ဆိုင်ထဲထည့်ပြီး​၊  ​နောက် ကား​ပေါ်သို့တက်ကာ ​ဆောင်းစက်ရဲ့ ​ရွှေနှင်းဆီ condo​လေးရှိရာသို့ ​​မောင်းနှင်လာလိုက်သည်။

***

လင်းထက် တစ်​ယောက် ​ဆောင်းစက်ရဲ့ condo​ရှေ့မှာ  ကားရပ်လို့ လူက ကားကိုမှီကာ ချမ်းချမ်း​အေး​အေးထဲ မက်တပ်ရပ်ရင်း  Honda fit အနက်​ရောင်​လေး တစ်စီးကို ​စောင့်​မျှော်​နေသည်။ ​ဆောင်းစက်က ဒီ​နေ့ ခရီးကပြန်လာမှာမဟုတ်လား...။

"တီ......."

​ခွေးတစ်​ကောင်က လင်းထက်ရဲ့ ကားအ​ရှေ့နားမှာ ထိုင်​နေသည်။  အ​​ဝေးမှလာတဲ့ Hondafit အနက်​ရောင်ကား​လေးက ဟွန်းသံရှည်ကြီး တီးလာပြီး ​ခွေး​ရှေ့တိုး၀င်လာ​တော့ ​ခွေးကထ​ပြေးရသည်။ ​​ခွေးဖယ်သွား​တော့မှ ကား​လေးက လမ်း​ဘေးချရပ်လိုက်သည်။

ကားက ​ဆောင်းစက်ရဲ့ကားဆို​ပေမယ့်  ဒီလို​မောင်းလာပုံမျိုးက ​ဆောင်းစက်​တော့မဖြစ်နိုင်ဘူးဆိုတာ  လင်းထက်သိလိုက်တယ်။ ကားမီးသီး နှစ်လုံးက ကားရပ်တာ​တောင် မီးမပိတ်တာ​ကြောင့် လင်းထက် သူ့မျက်လုံး​တွေကို လက်နဲ့ ကာထားရတယ်။

"​သြော်...ကိုလင်းထက် ​ရောက်​နေတာလား  က​လေးစက်သပ် လိုက်​တော့​လေ ​အောက်မဆင်း​တော့ဘူးလား" ​

ပြော​ပြောဆိုဆို ​ဆောင်းစက်က ထိုင်ခုံခါးပတ်ဖြုတ်ပြီးဆင်း​တော့ အ​နောင်ပါ ကားစက်သပ်ပြီး ဆင်းလာလိုက်သည်။ ​အ​နောင်အ​​ဝေးက​နေတည်းက ခွေးထက် လင်းထက် ကိုအရင်မြင်သား ဒါ​ကြောင့်လည်း တမင် မီးထိုးဟွန်းတီးလာတာမို့လား။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now