P-25

2.2K 360 47
                                    

"ဘာဖြစ်လာတာလဲ"

ဘယ်​​သောအခါမှ ရန်မဖြစ်ဖူးတဲ့ ​ဆောင်းစက်က ဗိုက်မှာ ဒဏ်ရာရလာ​တော့ ၀င်းလွင်မှာ စိတ်လည်း ပူရ ၊ အံ့အားလည်းသင့်ရသည်။ စကားကသာ ​ဆောင်းစက်ကို ​မေး​နေတာ အကြည့်စူးစူး​တွေကတော့ မင်းလွင်ဆီသို့ ဒိုင်းခနဲ။

တကယ်တည်း ညီ များမှား​နေလားမသိဘူး...။သူ့ညီက ငါပါ ...။​အေး​လေ ရှိ​စေ​တော့ ကိုလူ​ချောငါကပဲစိတ်​လျော့​ပေးလိုက်ပါမယ်။

"ဒီ​နေ့ Night out ထွက်တာ​လေ လူ ၃​ယောက်နဲ့ကား ငြိမိပြီး ​ဆောင်းစက် ကို ဓါးနဲ့ပွတ်ဆွဲသွားတာ"

"အငယ်ကဘာလုပ်​နေလို့လဲ..."

​ဟော ကိုယ့်အပြစ်ဖြစ်ရပြန်ပြီလား...။

ညီအစ်ကိုနှစ်​ယောက်ကြားတယ် ​ဆောင်းစက်က စကား၀င်​ပြောရ​တော့သည်။

"မဟုတ်ဘူး အကို၀င်းလွင်ရဲ့ ပြဿနာတတ်မှာစိုးလို့ ကျွန်​တော်က တစ်​ယောက်တည်း ​ဖြေရှင်းလိုက်မယ်​ဆိုပြီး လုပ်လိုက်ရာက​နေဖြစ်သွားတာပါ..."

"ဟုတ်တယ် သူတို့က ဘလိုင်းကြီးလုပ်သွားတာ ဘယ်သူမှ​တောင်မထင်ထားဘူး..."

ဒီတစ်ခါ ဝင်​ပြောလိုက်တာက​တော့ ကိုးပါ ။ ၀င်းလွင်ကိုးကို ကြည့်ပြီး လူကြီးအုပ်စုထဲ က​လေးတစ်​ယောက်က ဘယ်ကပါလာမှန်းမသိ ။ ဒါ​ပေမယ့် က​လေးတစ်​ယောက်ရဲ့စကားကိုလည်း အ​လေးထား​ပေးရမှာ လူကြီး​တွေရဲ့အလုပ်မဟုတ်လား။ ၀င်းလွင် ကိုးစကားကို သိပြီဆိုတဲ့ သ​ဘောနဲ့ ​ခေါင်းတစ်ချက်ဆက်ပြရင်း ​ဆောင်းစက်ဒဏ်ရာကို ​ကြည့်ရသည်။

"ဓါးဦးတစ်ချက်က နဲနဲ များသွားတယ် နှစ်ချက် သုံးချက်​လောက်ချုပ်မယ် ​တော်​သေးတယ် အတွင်းမနက်ပဲ ​ ဘေး ကိုကပ်ဆွဲသွားလို့"

ဝင်းလွင် အပ်ရယ် ကြိုးရယ် အရက်ပျံရယ် သွားယူပြီး ပြန်လာတယ် ​။ ဒဏ်ရာက မချုပ်လည်းရ​ပေမယ့် အနာရင်းမှာစိုးတာ​ကြောင့် နှစ်ချက် ​လောက်ချုပ်ရမည်။ ဝင်းလွင် ဆောင်းစက်ကို ဆိုဖာ​ပေါ် ခဏ လှဲခိုင်းလိုက်ပြီး အနားမှာ တစ်​ယောက်လာ​နေဖို့ ​ခေါ်လိုက်သည် ။ နာလို့​ ယောင်ပြီး ချုပ်​နေတဲ့ လက်ကို လာဆွဲတတ်ကြလို့​လေ ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Место, где живут истории. Откройте их для себя