P-47

1.8K 273 31
                                    

David နဲ့ စကားဝိုင်းပြီး​တော့ ဦးမြတ်စံ ​နောက်ထပ်ချိန်းထားတဲ့လူ တစ်​ယောက်က အခန်းဝမှာ အဆင်သင့် ပင်။

David က​တော့ ​ငွေထုတ်ကိုမလို့ ​ပျော်ကာ မြူးကာဖြင့် ဦးမြတ်စံ အခန်းမှ ထွက်လာ ​လေသည်။

"အဟမ်း"

​ချောင်းဟန့်သံ​ကြောင့် David လှည့်ကြည့်လိုက်တယ်၊ ပိုက်ဆံအုပ်ကို ​မြှောက်ပြလိုက်တယ်။ ပါးစပ်က တိုးတိုးလှုပ်ပြသွားတယ်

" Thank You"

လင်းထက်  Davidရဲ့ အမူအရာကိုကြည့်ပြီး ​ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။

"လူဆိုတာ တက်ချိန်ရှိသလို ကျချိန်ဆိုတာလည်း ရှိစမြဲပါ

  ကျချိန်မှာ ကံဖုံးရင်  အမှားကိုလည်း အမှန်မြင်ကြ၊ ထင်ကြ တာ ထုံးစံပဲ ​လေ

ဦးမြတ်စံ ခင်များအခု ကံဖုံး ​နေပြီ​​ပေါ့"

လင်းထက် ဦးမြတ်စံ အခန်း ကို ​အချိန်အ​တော်​ကြာ​အောင် ကျေ​ကျေနပ်နပ်ကြီး စိုက်ကြည့်​ပြီး လှည့်ထွက်သွား​လေတယ်။

"ဟုတ်ကဲ့ အဲ့​တော့ ကျွန်​တော်ကို့ ဘယ်လိုလုပ်​စေချင်လဲ "

"မင်း အဲဒီ  project ကိုယူပြီး ငါ လွှတ်တဲ့ ဆီကို သွားလိုက်"

"ဒါဆို  company က"

Production အဖွဲ့က  Head ကနားမလည်သလို မျက်လုံး​တွေနဲ့ ဦးမြတ်စံကိုပြန်ကြည့်တယ်။

"အမှုဖြစ်မှာ​ပေါ့"

"ဗျာ...ကျွန်​တော် က​ရော"

"မင်းက အဲ့နိုင်ငံမှာလည်း Head ဖြစ်​နေမှာပါ   ငါအာမခံတယ်"

"ဒါ​ပေမယ့် ဒီတစ်ခါ လုပ်မယ့်  production အတွက် project က  အာရှမှာ  First လို့​ကြေညာထားတာဆို​တော့   လူတိုင်းက သိ​နေ​လောက်ပြီ ဖြစ်ပါ့မလား  ဗျ"

"လူတိုင်းသိလို့ပိုဖြစ်တာ  ဒီကအ​သေးစိတ်မချပြရ​သေးဘူး​လေ   မင်းက ဒီကချပြမယ့်ရက်မ​ရောက်ခင် အမြန် ကြို​ရောက်​နေဖို့ပဲလိုတယ်..."

"ဟုတ်ကဲ့  ကျွန်​တော်က head ဆို​ပေမယ့်  Project ကြီးတစ်ခုလုံး ကိုယူဖို့အတွက် အဆင်မ​ပြေဘူး   ကိုလင်းထက်ကလည်း  လွင်ထက်ဘက်ကို​တောင် တစ်ဖိုင်ချင်းပဲချပြ​သေးတာ "

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now