P-35

1.9K 295 38
                                    

"ကဲ ဒီနေ့ရဲ့ menu က ကရင်ပြည်နယ်ရဲ့သက်သတ်လွတ်ဟင်းပါတဲ့ဗျာ "

ဟင်းခွက်​တွေချ​တော့ အသားတုကိုအထူးပြုထားတဲ့ ဟင်းချက်နဲ့ သီးစုံ ပဲဟင်း ရယ်၊ငရုတ်သီး​​ကြော် ရယ်​ပေါ့ ။မင်းလွင်က ခရီးသွား​နေကြမို့ ​ဒေသအစားအ​သောက်​တွေက​ သူ့အတွက် ​တော့ အိမ်ချက်ပဲ။
​ဆောင်းစက်နဲ့ ညီထက်က​တော့ အ​ခြေအ​နေနဲ့အလိုက်​နေထိုင်စား​သောက်တတ်ပါရဲ့ ၊ အ​နောင်နဲ့ ကိုးက​တော့ မလှုပ်မရှက်သာ...

"က​လေး...မစားတတ်ဘူးလား.."

"ဟင်...ရပါတယ်...စားတတ်ပါတယ်" ​ဆောင်းစက်​ပြော​တော့မှ အ​နောင်လည်း ပါးစပ်ထဲကို ထမင်းလုပ် အပြည့်ထည့်ကာ ဝါး​တော့သည်။ သူကအခုအချိန် သူ​ဌေးသားမှမဟုတ်​တော့တာပဲ။ ဘာကို ​ချေးများ​နေရမှာလဲ ။

ကိုးက​တော့ မျက်ရည်​လေး တစမ်းစမ်း ...နှင့်။ ဟင်းမ​ကောင်းရင် မစားတတ်လို့ မျက်ရည်၀ဲတယ်သာ သူများ​တွေ သိရင် ဘယ်​လောက်ရယ်လိုက်ကြမလဲ ။ ဒါ​ပေမယ့်လဲ မသိဘူး ဗိုက်မပြည့်ရင် ငိုချင်တယ် ။ ဗိုက်ဆာတုန်း ဟင်းမ​ကောင်းရင် ပိုလို့​တောင် ငိုချင်​​သေးတယ်။

"​ ​ကိုး​ရော ဘာဖြစ်​နေတာလဲ စား​လေ"
ကိုးတစ်​ယောက်​ခေါင်းကြီး ​အောက်ငိုက်ပြီး ပြန်မမက်လာ ထမင်းလုပ်လဲ ပါးစပ်ထဲမ​ရောက်မို့ ​ဆောင်းစက်က​မေး​တော့ ​အောင်မ​လေး ​တွေ့လိုက်ရတာက မိုး​ရေ​ပေါက် ထက်​တောင် ကြီးဦးမယ့် မျက်ရည်​ပေါက်ကြီး...။

"​ဟေ ဘာဖြစ်တာလဲ​ခွေး​ပေါက်"
"ဘာဖြစ်လို့လဲ ကိုး..."

"ဟင့် ဘားမှမဖြစ်ပါဘူး..."ဘားမှမဖြစ်ပါဘူးသာဆိုတယ် နှာရည်ကို ရှုံ့ သွင်းလိုက်​သေးသည်။

"​ဟေ့​ခွေး​ပေါက် ဘားမှမဖြစ်ရင် ဘာလို့မျက်ရည်ကျ​နေတာတုန်း"

"ကိုး... ​လေ...ကိုး..."

"ဒီဟင်းနဲ့ ထမင်းမစားနိုင်လို့လား..."​

ဆောင်းစက်က​မေး​တော့ အ​ပြောရခက်​နေတဲ့ကိုး ​ခေါင်း​လေးသာ ညိတ်ပြသည်။ ​သေချာတယ် ဟိုလူကြီးက ဆူ​တော့မည်။ ကိုယ့်ဘာသာ လျှာရှည်ပြီး လိုက်လာပြီး အခုကျမှ နုရွပြ​နေတဲ့ ကိုယ့်ကိုယ်ကိုယ် လည်း ​ဒေါသထွက်မိသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now