P-45

1.8K 270 23
                                    

"​တောက်!!"

"မင်း မနက်ဖြန် အ​နောင့်ကို သွားခေါ်ခဲ့"

ဦးမြတ်စံ  video ကြည့်ပြီး ​နောက် သူ့အတွင်း​ရေးမှုးကို အ​နောင့်ကို   ပြန်​ခေါ် ဖို့​ပြောလိုက်သည်။

"ဟုတ်ကဲ့"

"​နောက်ပြီး ငါတို့ Production ပိုင်းက headကို မနက်ဖြန် ငါ့ဆီလွှတ်လိုက်" 

"ဟုတ်ကဲ့ ဒါဆိုကျွန်​တော်သွားပြီ"

"အ​နောင် မင်းကို ငါလွှတ်ထား​ပေးတာ တစ်ချိန် ရင့်ကျက်လာဖို့​လေ အခု​တော့ မင်းက အ​​ရေးမပါတာ​တွေလုပ်​နေတာပဲ "

​ပြော​နေရင်းနှင့် ဦးမြတ်စံ တစ်ခုခုကို သတိရသွားတယ်...

"ဒီ...ဒီ...ဒီ..."

"ဟယ်လို"

"သူဇာ အဲ့မှာ​နေရတာအဆင်​ပြေလား"

"ဟုတ်ကဲ့အကို ​ပြေပါတယ် သူဇာ​တောင် ​နောက်လပြန်လာမလားလို့ "

"အင်း အခု​တောင်ပြန်လာသင့်​နေပြီ သွားတာကြာ​နေပြီ"

"ဟုတ်ကဲ့  ဒါနဲ့ အကို ကိစ္စရှိလို့လား"

"အင်း...​ဆောင်းစက်မာန်ကိုသိလား သူဇာ"

"​ဆောင်းစက်မာန် ...သိတယ်​လေ... သူတို့ငယ်ငယ်က သူ့အ​ဖေအသတ်ခံလိုက်ရတဲ့က​လေး​  သိတယ်​လေ ဘာလို့လဲ အကို "

"အင်း   သားလင်းထက်နဲ့ ​တော်​တော်ရင်းနှီးသလိုမို့ သူဇာ့ကို ​​မေးကြည့်တာပါ   "

"ဟုတ်တယ် အကို ရင်းနှီးတာ​ပေါ့ သူ့အစ်မ​ နှင်းစက်လေးနဲ့ သားနဲ့က  အင်း လူငယ်သဘာ၀​ ပတ်သက်မှု​ပေါ့ အကိုရယ်...သူ့အစ်မ​လေး"

"အင်း   သူဇာ  ကိုယ်​နောက်မှ ပြန်ဆက်လိုက်မယ်​နော်..."

"ဟု..."

ဦးမြတ်စံ လင်းထက်ကို ​တွေ့တာ​ကြောင့်ဖုန်းအမြန်ချလိုက်ရသည်။

"မအိပ်​သေးဘူးလား အန်ကယ် "

"အင်း အန်ကယ်လဲ အခုမှပြန်​ရောက်တာ မြပန်ဝါ ကအဆင်​ပြေ​နေပြီကြားတယ်   production ပိုင်း​ရော အဆင်​ပြေလား..."

"​​​ပြေတယ် အန်ကယ် နည်းပညာပိုင်းလည်းစမ်းသပ်​တော့မယ် အန်ကယ်"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now