P-24

2.1K 348 19
                                    

မင်းလွင် က သူ့​ရှေ့တည့်တည့်မှ ပိတ်ရပ်ကာ သူ့လမ်းကို ပိတ်ထားတဲ့ ​ဆောင်းစက်ပုခုံးကို လက်ဝါး​လေးနဲ့ အသာပုတ်ရင်း...

"ဖယ် ပါ အန်ကယ်​လေးရယ်
Night outက​တော့ အန်ကယ်​လေးနဲ့ က​လေးတစ်သိုက်ပဲသွားလိုက်ပါ လူကြီးဖြစ်တဲ့ကျွန်​တော်က သင့်​တော်ရာ ​နေရာကိုပဲသွားပါဦးမယ်..."

"ဒီလိုရရိုးလား ကွယ် မလိုက်ချင်ရင်လည်း သ​ဘောရှိမို့ အန်ကယ်က သားရဲ့ ကား​သော့နဲ့ ပိုက်ဆံအိတ်ကိုယူသွားပါပြီကွယ် ... လာက​လေးတို့ သွားကြရ​အောင်"

ကား​သော့နဲ့ပိုက်ဆံအိတ်ကို ဘယ်အချိန်ကယူသိမ်းထားလည်းမသိတဲ့​ဆောင်းစက်​ကြောင့် မင်းလွင်တစ်​ယောက် သူတို့သွားရာဆီ ညစ်ညစ်နှင့်လိုက်လာရပါသည်။  မင်းလွင်လိုမျိုး မျက်နှာပုပ်ပုပ်နဲ့ လိုက်လာတဲ့သူတစ်​ယောက်ရှိ​သေးသည်။ ဒါက​တောင့် အ​နောင်ပါ။

​ဆောင်းစက်က ကား​မောင်းရင်းနဲ့ ဘက်မှန်ထဲက အ​နောင့်မျက်နှာကို လှမ်းလှမ်းကြည့်ရတာအ​မော...။ဒီက​လေးဘာဖြစ်​နေတာလဲ  ။ဆံပင်​တွေဘာ​တွေလည်းညှပ်လို့ ၊  အရင်က ဆံပင် အရှည်​လေးနဲ့က​လေးမျက်နှာ ဟာ မိမိမိုက်မိုက်​လေး ဖြစ်​နေသလို  ။အခုလို ဆံပင်​လေးညှပ်လိုက်​တော့ လည်း မျက်နှာ ​လေးက ပို​ပေါ်လာတယ် ။ က​လေးရုပ်​လေးနဲ့​ တောင်တူသွားသလားပဲ ။ ရယ်လိုက်ရင် တကယ်ချစ်ဖို့​ကောင်း​နေမှာ ။

​ဆောင်းစက်   အ​နောင့်ရဲ့ ဆံပင်ညှပ်ထားတဲ့ မျက်နှာကို ပါးချိုင့်​လေးနဲ့ တွဲစပ်လို့ သူ့အာရုံထဲသူပုံ​ဖော်ရင်း သ​ဘောတကျပြုံးမိ​တော့  လက်ညှိုး​လေးက  နှာ​ခေါင်းထိပ်​လေးသို့ ​​ဝေ့ဝိုက်ကာ ပွတ်လိုက်​မိသည်။

***

အ​နောင်လည်း ​နောက်ကြည့်မှန်မှ ​​မြင်ရတဲ့ ဆောင်းစက်ရဲ့ နှုတ်ခမ်း နဲ့ နှာ​ခေါင်းဖျား​လေးကို တစ်ချက်တစ်ချက် ကြည့်မိပါသည်။

မှန်​လေးထဲတွင်  ​ဘိုး​တော်ပြုံးရဲ့ မျက်နှာ တစ်ခုလုံးကို မမြင်ရ​ပေမယ့်၊ မြင်ရတဲ့ တစ်စိတ်တစ်ပိုင်း​သော  အစိတ်အပိုင်း​လေး​တွေကပင် ​ဘိုး​တော်ပြုံးရဲ့  စိတ်တွင်း​က​ အေးချမ်းမှု့ကို ​လေး​လေးနက်နက် ​ဖော်ပြနိုင်ပါသည်။  ဒီ​အေးချမ်းမှု သရုပ်​ဖော်ပုံ​လေးထဲတွင် နှာ​ခေါင်းထိပ်ကို လက်​လေးနဲ့ပွတ်တတ်တာ​လေးက အသက်ပဲဖြစ်မည်ထင်သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now