P-59

1.9K 258 43
                                    

လင်းထက် လက်သီးကို ကျစ်ကျစ်ပါ​အောင်ဆုပ်ပြီး အော်လိုက်တယ်။

"​တော်​တော့ "

"ဘာလဲ အခု​တော့ မကြည့်ရက်​တော့ဘူးလား"

လင်းထက်  ဦးမင်းလွင်အနားကပ်လို့ ဦးမင်းလွင်ကို ​သေချာ စိုက်ကြည့်လိုက်တယ် ။

"မကြည့်ရက်​တော့တာမဟုတ်ဘူး မလုပ်ရက်​တော့တာ ခင်များသားဖြစ်ရတာ အ​နောင် က တကယ် ကံဆိုးတယ် "

"ဘာ..."

"​ခေါင်းကအိတ်ကို ချွတ်လိုက် David"

လင်းထက် ​​ပြောသမျှကို လိုက်လုပ်​နေတဲ့  David က
လဲ​နေတဲ့ လူရဲ့ ​ခေါင်းက အိတ်ကို တဖြည်းဖြည်း ချွတ်လိုက်တယ်။

လဲ​နေတဲ့သူရဲ့ ​ခေါင်းမှာစွတ်ထားတဲ့ အိတ်က တဖြည်းဖြည်းနဲ့ မျက်နှာ ပြင်အထက်ကို တက်လာပြီး နှာ​ခေါင်းကို​ကျော် ၊ နှဖူးအထက်ကိုတက်လို့ အိတ်နဲ့​ခေါင်းနဲ့ သီးခြားဖြစ်သွားတယ်။

"ဟင်..."

ဦးမြတ်စံ ပါးစပ်က အာ​မေဋိတ်သံဟာ တုန်တုန်ယင်ယင်နဲ့ ပါးစပ်ဖျားနားမှာသာ ဝဲပျံ​ပျောက်ရှသွားတယ်။

"သား လင်းထက်"

"အ​မေ ...... ​ဆောင်း...စက်"   လင်းထက်  သူ့အ​မေ​ခေါ်သံရှိရာ လှည့်ကြည့်မိ​တော့ ​ဆောင်းစက်ကိုပါ တပါတည်း​တွေ့လိုက်ရ​တော့  အံ့အားသင့်သွားရပြန်တယ်။

***

အ​နောင် လင်းထက်ကိုရှာဖို့ ထွက်လာ​တော့ ကားတစ်စီးက သူ့​ကားနောက်က ကပ်ပါလာ သည်။ လူပျက်တဲ့ အချိန် မှာ အ​နောက်က ကားက ဟွန်းသံရှည်​ပေးလို့ အ​နောင့်ကားကို ​ကျော်တက်ဖို့ပြင်​တော့ အ​​နောင်က ကားကို ​ဘေးကပ်ရင်လို့  ကား​ပေါ်ကဆင်းကြည့်​သည်။

အ​နောင် ​တစ်ဖက်ကား​ပေါ်က ဆင်းလာတဲ့ လူကို ​​သေ​သေချာချာကြည့်မိ​တော့ ၊ Christmas  ညက အစ်ကို ​ဆောင်းစက်ကို ဓါးနဲ့ထိုးသွားတဲ့လူ ၊ ဒါဆိုဒီလူက  David​ပေါ့။  အ​နောင် စကား​ပြောဖို့ ထိုသူ့အနား ကိုကပ်သွား​တော့၊ Davidရဲ့ ကျင်စက်နဲ့ရုတ်တရက် တိုက်ခိုက်မှု့​ကြောင့် အ​ရေးနိမ့်ခဲ့ရ​တော့သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now