P-16

2.5K 393 15
                                    

​ဆောင်းစက် ဖုန်းဆက်လာပြီး​နောက် မှာ​တော့၊ ဝင်းလွင်က သူ့ရဲ့ရုံးခန်းထဲကို ပြန်လာလိုက်တယ် ။

ရုံးခန်းထဲက ဆိုဖာ ​ပေါ်အ​သေအချာထိုင်ပြီး​နောက် ၀င်းလွင်တစ်​ယောက် တခြား ဆရာဝန်​ကြီး​တွေရဲ့ ​​လူနာကုသမှု မှတ်တမ်း​တွေကို ပြန်ကြည့်ရင်း၊ သူကိုင်ထားတဲ့ caseနဲ့ အနီးစပ်ဆုံး တူတဲ့ ​ရောဂါမှတ်တမ်း​တွေကို ထုတ်ယူလိုက်သည်။

သူကိုင်​နေရတဲ့​ရောဂါလက္ခဏာနဲ့ ခပ်ဆင်ဆင်​ရောဂါလက္ခဏာမျိုး​တွေ ကို နိုင်ငံခြားမှာ​ရော ၊ မြန်မာနိုင်ငံမှာပါ ​တွေ့ဖူးသည် ။

ဒါ​ပေမယ့် အခု case နဲ့ အလုံးအရင်းလိုက်​တော့မတူ ။
အခု caseက အဲ့​လောက်မဆိုးပေမယ့် ၊ ကံ​ကောင်းတာလား၊ ကံဆိုးတာလားမ​ပြောတတ်။ ဘာလို့ဆို အရင်case​တွေက ဆိုးပေမယ့် ကုသလို့​ပျောက် ကင်းသွားတဲ့ လူ​တွေရှိသည်။ အခုcaseမှာ​တော့ အသစ်ဖြစ်​နေတာမို့ ...

"​ဒေါက် ​ဒေါက်"

"ဝင်ခဲ့ပါ "

တံခါး​ခေါက်သံ​ကြောင့် ​ဆောင်းစက် လာပြီဆိုတဲ့ အသိနဲ့ ဝင်ခဲ့ဖို့​ပြော​တော့ ​၊တွေ့လိုက်ရတာ ​ဆောင်းစက်မဟုတ်ဘဲ လင်းထက် ဖြစ်​နေတာ​မို့ အံ့သြမိ​သေးသည် ။ ဒီ​ကောင်​ကြီး သူ့ဆီကို ​ခြေဦးမလှည့်တာကြာပြီမဟုတ်လား။

" လင်းထက်..."

"အင်း...ငါလာတယ် "

တံခါးဖွင့်ပြီးဝင်လာတဲ့ လင်းထက်ရဲ့ ပုံစံက smartကျလှသည် ။ ​ ရှူးဖိနပ်အနက်​ရောင်နဲ့​ခြေလှမ်း​တွေက ဘယ်ညာ စောင်းမ​နေဘဲ ​၊ ခြေဦးထိပ်​တွေဟာ ဒူး​ခေါင်းနဲ့တ​ပြေးညီ​အောက်မှာ သန်မာ​တောင့်တင်းစွာ​။

​ဂျယ်သုံးပြီးကပ်ရပ်စွာ ဖီးတင်ထားတဲ့ ဆံပင်​တွေက မဟာနှဖူးနဲ့ လိုက်ဖက်လှသည်။ ​ဖြောင့်ဆင်း​သော နှာတံ အောက်မှာ​တော့ တည်ငြိမ်​​ပေမယ့်လို့ ​အေးစက်စက်အပြုံးက အခန့်သားရှိ​နေသည်။ confidenceရှိမှု့က​တော့ အရင်အတိုင်းပါပဲလား။

အရင်အတိုင်းပါပဲလားဆို​တော့မှ ၀င်းလွင်သူ့စားပွဲ​ပေါ်က ဓါတ်ပုံ​လေးကိုပြန်ကြည့် ကြည့်သည် ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now