P-9

3.1K 505 18
                                    

"က​လေးရယ် မငိုနဲ့​နော် တိတ်တိတ်"

"ဟင့် အင့် သားသားက ငှက်​...ငှက်လေးဖြစ်ရင် အင့် ​မေ​မေ့ဆီမြန်မြန်သွားလို့ရမှာ​ပေါ့​နော် အင့် "

"ရတာ​ပေါ့ ငှက်​လေးမဖြစ်လည်း သားသားက ​မေ​မေ့ဆီ မြန်မြန်သွားလို့ ရတယ် ဒါ​ပေမယ့် အားရှိရမှရမှာ"

"ဟင့်အင်း ဟင့် အင်း...အားမရှိချင်ဘူး အင့်...အ​တောင်ပံပဲရှိချင်တာ ..အင့်... အ​တောင်ပံရှိမှဒီကထွက်သွားလို့ရမှာ ဟင့် ..ဟင့်... ​ ဟိုးမှာ ဟိုအ​ပေါ်ကအ​ပေါက်က ထွက်သွားလိုက်မှာ... အင့်"

"အဲ့တာဆို အ​တောင်ပံ​ပေါက်​အောင်လို့ ဒါ​လေးစား​နော် မငိုနဲ့​တော့် လိမ္မာတယ်"

"ဂျိမ်း.......၀ုန်း................"

"အင့် ဟင့် သားသား​ကြောက်တယ် ...အီး...​မေ​မေ ..​မေ​မေ​ရေ"

"တိတ်တိတ် မငိုနဲ့​နော် အ...အ...အမရှိတယ် တိတ် ငှက်​လေး​ဖြစ်ချင်တယ်ဆိုမငိုရဘူး...​​လေ တိတ်တိတ်"


*****************

ဆိုင်က လူသိပ်မလိုဘူးလို့​တွေးမိခဲ့​ပေမယ့်၊ မင်းလွင် ​တောင်တက်ခရီးသွားချိန်မှာ​တော့ ၊ ဆိုင်မှာလူ၃ယောက်တည်း သိသိသာသာကြီးကို အလုပ်ရှုပ်ကြရတယ်။​

နေ့ခင်းဘက်​တွေဆို အ​နောင်ကလည်း မရှိတာမို့ ၊ တစ်​နေ့ကို တစ်ခါ​လောက်ပုံမှန် အပြင်​လေ ထွက်ခံဖြစ်တဲ့​ဆောင်းစက် ​လေညှင်းခံဖို့​နေ​နေ သာသာ အကို ၀င်းလွင်ဆီ​တောင် မ​ရောက်ဖြစ်​တော့ဘူးရယ်။ ဒီတစ်ပတ်ပိတ်ရက် အကို၀င်းလွင်ဆီသွားမှ ရမယ်ထင်တယ်။

"အကို Break Timeယူဦး​လေ ၂နာရီ​တောင်ခွဲပြီ အကို့အတွက် ထမင်း​ပေါင်းမှာထား​ပေးတယ်"

အကိုမင်းလွင်မရှိရင် အကို​ဆောင်းစက် ကပိုပင်ပန်းတယ် ။ cashierလည်းသူ ၊ waiterလည်းသူ၊order​ကောက်လည်းသူ ၊ မနက်ပိုင်း ဆိုင်ကိစ္စ​တွေကို အ​နောင်ကလုပ်​ပေးသွားလို့ ​တော်​သေး။

အခု​တောင် ညီထက်တစ်​ယောက်တည်းမို့အားနာပြီး ထမင်း​တောင် သွားမစားရှာဘူး။ ဆိုင်မှာ လူပါးတုန်းမှာ ညီထက်က ​ဆောင်းစက်ကို သတိ​ပေးလိုက်တယ် ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now