P-22

2.1K 361 15
                                    

အ​နောင် ​ကျောင်းကပြန်လာ​တော့ ဆိုင်ကို စဝင်ဝင်ချင်း ​တွေ့လိုက်ရတာက  ကိုး... ။ ကိုး တစ်​ယောက်ထဲထိုင်​နေပြီး၊ အကိုမင်းလွင်က သူ့ကို ​ကော်ဖီလာချ​ပေး​နေသည် ။ ဒီ​ကောင်​လေးလဲ​ ကျောင်းကပြန်လာတာထင်သည် ။ ရှပ်အကျီ အဖြူ​​ရောင် ကို ​အောက်က ကာကီရောင် ​ကော်တွန်သား ​ဘောင်းဘီရှည်နှင့် ။ရင်ဘက်က ​ကျောင်းတံဆိပ်​ ရင်ထိုး​တောင် တောင်မဖြုတ်ရ​သေး ။ The High Way Academe တဲ့။

ဒီ​ကောင်​လေး အချိန်ကိုမှန်​နေတာပဲ ဒီ​နေ့​ရော ဘယ်လိုစာ​တွေနဲ့ ဘယ်လို မြူစွယ်ဦးမလဲမသိဘူး ။

ဒါ​ပေမယ့် ဒါက သူ့ အ​တွေးသပ်သပ် မဟုတ်လား။
တကယ်ဆို ဒီ​ကောင်​လေးက ဘယ်သူ့ဆီကို စာ​ရေးပါတယ်လို့ နာမည်တပ်ထားတာလဲမဟုတ်ဘဲနဲ့ ။သူကဘာလို့ ဘိုး​တော်ပြုံးကို​ ရေးတာပါလို့​ တစ်ဖက်သတ် ​သေချာ​နေရတာလဲ။ ​အ​ဖြေကရှင်းပါတယ် ဘိုး​တော်ပြုံး ရဲ့ အပြုံးအ​ပေါ်ကို  သူလည်း   ဟို​ကောင်​လေး​ရေးထားသလိုမျိုး ခံစားချက်နဲ့ ထပ်တူ  ခံစားမိလို့မဟုတ်လား။

"အကိုတစ်ခါပြုံးတိုင်း၊ ညီ့ရင်ထဲ အချစ် ကြယ်တစ်ခါ ​ကြွေတယ် "

"အာ..." မဟုတ်ပါဘူး ငါ သူပြုံး​နေတာကို မကြိုက်ပါဘူး။ ဒီ​လို ​ဖြေသိမ့်လိုက်တော့ သူ့အာရုံထဲ ၀င်လာတဲ့ ​နောက်ထပ် စာ​ကြောင်း တစ်​ကြောင်း ...

"မပြုံးလို့​တော့ မ​ကြွေဘူးမထင်နဲ့ ​ကောင်းကင်ပါပြိုတယ်..."

"ဘုရားးး"

အ​နောင် စိတ်ထဲမှာ တိတ်တဆိတ် ဘုရား တရား မြဲသွားမိတယ်။ အ​နောင် ​ခေါင်းတခါခါနဲ့ သူ့အ​တွေး​တွေကို သူဖယ်ထုတ်ရင်း ၊ ကိုထိုင်​နေတဲ့ဝိုင်းကို ​ကျော်တက်လိုက်​တော့ ​နောက်တစ်၀ိုင်းကလည်း အ​နောင့်အတွက်  မျက်စိဆံပင်​မွှေးစူးစရာဖြစ်​နေသည်။

အမျိုးသမီးငယ်များ က ၄​ယောက်စာ​နေရာသာ ရှိတဲ့ ခုံဝိုင်းမှာ ပုံစံမကျ စုထိုင်​နေတာ​ ၆​ယောက်​လောက် ရှိသည်။ ထို  ၆​ယောက်​သော မိန်းမ​လေးများရဲ့ တီးတိုးစကားသံက ​အနီးသို့ ကပ်လာ​သော သူ၏နားထဲသို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးဝင်​ရောက် လာသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now