P-49

1.6K 251 32
                                    

"Hello"

"  ဟာ အကို၀င်းလွင် လာ​လေ"

​ဆောင်းစက်က ၀င်းလွင်ကို ရယ်ပြုံးပြီးနှုတ်ဆက်လိုက်​သော်လည်း မျက်၀န်း​တွေထဲမှာ​တော့ စိုးရိမ်စိတ်အနည်းငယ်​ပေါ်သွားတာကို ၀င်းလွင် ​တွေ့လိုက်ရတယ်။၀င်းလွင်က မျက်လုံးကို အသာမှိတ်လို့ ပြုံးပြရင်း ​အေး​အေး​ဆေး​ဆေး အထာနဲ့ ​ဆောင်းစက်​ဘေး၀င်ထိုင်​တော့ လင်းထက်က ညီထက်​ဘေးကို ၀င်ထိုင်သည်။

"မင်းလွင်​ရော..."

"ပြန်သွား​လေရဲ့"

"အမယ် အ​စောကြီးပါလား အိမ်​တော့ ၁၁နာရီ ၁၂နာရီမှပြန်လာပြီး ဆိုင်ကကျ အ​စောကြီးလစ်ထွက်တယ်​ပေါ့" 

၀င်းလွင် စကားလည်း​ပြောရင်း ​တွေတဲ့Diary စာအုပ်ကို ​ကောက်ကိုင်လို့ ဖတ်​တယ်။လင်းထက်က​တော့ ​ဆောင်းစက်ကိုသာကြည့်လို့ ။ အ​နောင့်မှာ ​တော့ စာအုပ်ထဲစိတ်မ​ရောက်​တော့။

"သူက အဲ့​လောက် ညနက်ထိအပြင်မှာ​နေတယ်လား အကို၀င်းလွင်"

"အဲ့ထက်​တောင် ညနက်​သေး"

၀င်းလွင်​ပြောရင်းဆိုရင်းစာအုပ်ကိုဆက်ဖတ်​နေသည်။

"Coffee အရသာကို​ ပိုပေါ်လွင်ချင်ရင်
လူ​ချော​တွေရှိတဲ့အရပ်မှာ​သောက်

အရက်အရသာကို ပို​ပေါ်လွင်ချင်ရင်
​လူ​ပေါ​တွေရှိတဲ့အရပ်မှာ သောက်

Coffee ဆိုင်သွားရင် ရည်းစား​ခေါ်
အရက်ဆိုင်သွားရင် ဒကာ​ခေါ်

ဟဲဟဲ ပညာရှိသုခမိန် နိုင် ..."

"ဟား..ဟား ဒီလို​တွေလည်း ​ရေးကြတယ်လား"

"အဲ့တာထက် ရယ်ရတာ​တွေလည်း​ရေးကြ​သေးတယ်"

ဝင်းလွင် ထရယ်​တော့  ဘာ​ကြောင့်မှန်း သ​ဘော​ပေါက်တဲ့ ​ဆောင်းစက်က သူဖတ်​နေတဲ့ စာကို ၀င်းလွင်ကို လှမ်းပြသည်။

"ရှင်သာကျွန်မ​ယောကျာ်းဆိုရင် ရှင့် coffee ခွက်ထဲ ကျွန်မအဆိပ်ထည့်လိုက်ပြီ

ငါသာ မင်း​ယောကျာ်းဆိုရင် မင်းမ​ပြောခင်ထဲက အဲ့coffeeခွက်ကို ငါ​သောက်ပြီးသွားပြီ"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now