P-36

1.9K 313 22
                                    

"အဟမ်း..."

အ​နောင့်အနားမှာ ကွက်ကြည့်ကွက်ကြည့် လုပ်​နေပါ​သောကိုးကို အ​နောင်က အဖက်မလုပ်​တာ​ကြောင့် ကိုး အသံပြုရ​တော့သည်။​ဆောင်းစက်  အ​နောင့်အနားမှာရှိမ​နေတုန်း ၊ ကိုးက အ​နောင့်အနားကိုကပ်ပြီး missionပြည့်​မြောက်​အောင်​ဆောင်ရွက်ရမယ်လေ။

"အဟမ်း အဟမ်း..."

"ဘာလို့ ​ချောင်း​တွေလာဆိုးပြ​နေတာလဲ ​ပြောစရာရှိတာ​ပြော" အ​နောင်က ကြယ်​တွေကို တ၀ကြီး​ငေး​မောပြီး ကိုးကို အသံနဲ့သာ တုံ့ပြန်လိုက်တယ်။

"ဒီည  New Year ဆို​တော့ ၁၂နာရီအထိ ကို​​နောင် မအိပ်​သေးဘူးမလား "

"အင်း အိပ်ချင်လာရင်​တော့ အိပ်မှာ" အ​နောင်က ကိုးကို လှည်မကြည့်ပဲသာ ပြန်​ဖြေတယ်။

"အိပ်လို့မရဘူး​လေ ..."     ကိုးက အလန့်တကြား​​အော်ကာမှ အ​နောင်လှည့်ကြည့်လာတယ်။

"ဘာလို့လဲ..."

"ဒီည ၁၂ နာရီကို နည်းနည်း စွန်းတာနဲ့ အကို​ဆောင်းစက်​မွေး​နေ့ကို ​ရောက်ပြီ Birthday wish လုပ်ကြရ​အောင်​လေ"

ကိုး​ပြောလာမှ အ​နောင်​ဆောင်းစက်​မွေး​နေ့ကို သိရ​တော့ သည်။ အ​နောင်အရင်က ​တွေးမိတာ​တော့ ​​ဆောင်းစက်ကို ​ဆောင်းတွင်းမှာ ​မွေးတာဖြစ်မှာလို့​တော့ ​တွေးမိသည်။ ဘယ်​နေ့ရယ်​တော့အတိအကျမသိ။ ဘိုး​တော်ပြုံးနဲ့ပက်သက်လို့ သူဘားမှ​သေ​သေချာချာ မသိခဲ့ဘူးမဟုတ်လား။

"မင်းကဘယ်ကသိလဲ"

"ဘယ်က သိသိပါ အဲ့ဒါဒီည အကို ​ဆောင်းစက်အတွက် surpriseလုပ်မလို့ ကို​နောင်ပါမှာလား..."

Surprise တဲ့လား  သူက ဒီည ဘိုး​တော်ပြုံးကို ဖွင့်​ပြောဖို့ကြံထားတာ သူတို့နဲ့​ပေါင်းလိုက်ရမလား...။ မဖြစ်​သေးပါဘူး ၊ အ​ဖြေက ဘယ်လိုပြန်ရမယ်မှန်းမသိ​သေးဘဲ။ သူများ​တွေသိသွားရင် နှစ်​ယောက်လုံး အ​နေခက်ရမှာ...။

"ဘယ်လို surpriseလဲ "

"ဒီလို​လေ...အကိုမင်းလွင်က အကို​ဆောင်းစက်ကို ဒီနှစ်မွေး​နေ့မှာ လူတစ်​ယောက် လက်​ဆောင်​ပေးမလို့တဲ့"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now