P-60

2.5K 276 29
                                    

"ရှူး...က​လေးအိပ်​နေတယ် "

​​ဆောင်းစက် က   အိမ်ထဲ၀င်လာတဲ့ မင်းလွင်ကို အတင်းပါးစပ်ပိတ်လို့ ထိုင်ခိုင်း​လေတယ်။

"အမ​လေး အဖြစ်သည်း​နေလိုက် အဲဒီမှာ"

"မဟုတ်ဘူး​လေကွာ ဒဏ်ရာ​တွေက များလို့ သူညက​ကောင်း​ကောင်းမအိပ်နိုင်ဘူး ဖျားလည်းဖျား​နေလို့ပါ"

"​အေးပါ ​အေးပါ မင်းတို့ အတွက် စားစရာလာပို့​ပေးတာ ဒီ​နေ့လည်းဆိုင် မလာနဲ့ မင်းပါအနားယူလိုက်
ရဲစခန်းလည်းသွားရဦးမယ်မဟုတ်လား "

​ဆောင်းစက်မင်းလွင်လက်ထဲက အထုတ်​တွေကိုယူလို့ မင်းလွင်ကို ပြုံးရင်း  ကြည့်​တော့

"ဘာကြည့်တာလဲ ​ကျေးဇူး​တွေ ​သောက်ရမ်းတင် မိသွားလို့လား "

"အင်း...   မင်းက အ​ကောင်းဆုံး ပဲ"

"မင်းက​လေး ထက်လား"

မင်းလွင် မဲ့ကာ ဖြင့်ရွဲ့​မေး​တော့၊​ဆောင်းစက်က သွားဖြဲပြီးရယ်ပြလို့

"က​လေးပြီးရင်  "

"​ခွေး​ကောင်  ​တော်​တော်​ကောင်းတဲ့ သူငယ် ချင်း "

"ဟီး  မိုက်မဲမိတာရှိခွင့်လွှတ်​နော် အွမ်း...ငါ့ရဲ့ ရုပ်​ချော သ​ဘော​ကောင်းသူငယ်ချင်း​လေး အချစ် စစ်နဲ့​တွေ့သင့်​နေပြီ"

"​တော် ​တော် ငါ့ဘာငါ ခရီးပဲ ပတ်ထွက်လိုက်မယ် မိန်းမ​တော့ မယူ​တော့ဘူး​ဟေ့ "

"​ဟေ့ အချစ်စစ် ဆိုတာ မိန်းမ ပါပဲလို့ ​ခေါင်းစဥ်တပ်ထားလို့လား ...​ယောက်..."

"​တော်​တော်​တော် မင်းစကား... ငါသွားပြီ ဆိုင်ဖွင့်ရ​တော့မယ်"

ပြော​ပြောဆိုဆို မင်းလွင် ထ​​ပြေး​တော့တယ်။ ​ဆောင်းစက်ကလည်း  မင်းလွင် သူ့မြင်ကွင်းအကွယ်မ​ရောက်ခင် စ​နောက်လိုက်ပါ​သေးတယ်။

"​သေချာ စဥ်းစား​နော် အကို Daddy အချစ်စစ်ဆိုတာ ​ရေ​မြေခြားက ညီ​ခွေး​ပေါက်ဖြစ်​နေနိုင်တယ်"

" ​ခွေး​ကောင် သူလည်းအဆင်​ပြေ​ရော သူများကို ထိုးထည့် တာ ဘယ်ကတတ်လာတဲ့ ​သောက်ကျင့်လဲ"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)حيث تعيش القصص. اكتشف الآن