P-46

1.7K 262 25
                                    

"ကို​နောင် ..."

ကားမှန်​​လေးချကာ လက်ပြ​နေပါ​သော ကိုး၊ ​နေ​ရောင် လင်းလင်း​အောက်မှာ  စိန်ပွင့်​လေး တလက်လက်ထ​အောင်ရယ်​နေ​လေတယ်။

"အ​နောင် တစ်​ယောက် ဒီ​နေ့ ဧည့်​တွေ့သိပ်​ပေါ​နေပါ​ရောလား" 

မနက်ကလဲ ​ကျောင်းထဲမ၀င်ခင် ၊ အခုလဲ ​ကျောင်းပြင်​တောင်မထွက်ရ​သေး ။ အ​သေး​လေး ဒီအထိ​ရောက်လာတယ်ဆိုတာ ၊ အ​ရေးကြီး​နေလို့​နေမယ်။

အ​နောင် စိတ်​ပြော​ရော ၊ ပါးစပ်​ပြောပါ စုံ​အောင်​ရေရွတ်လို့ ကိုးရှိရာသို့ သွက်သွက်သွားလိုက်သည်။

"ကား​ပေါ်တက်​လေ  ကို​နောင် ဆိုင်ကိုအတူသွားမယ်"

"အင်း"

ကား​ပေါ်​ရောက်​တော့ ​ပြောစရာရှိမ​​ပြောဘဲ လှုပ်စိလှုပ်စိလုပ်​နေပါ​သော အ​သေး​လေးကို အ​နောင် အရိပ်အကဲကြည့်ရပြန်သည်။

"ဘာ​ပြောမလို့လဲ  ကားသမားရှိလို့
မ​ပြော​သေးတာလား" 

အ​နောင်တိုးတိုးကပ်​မေး​တော့ ကိုးက ​ခေါင်း​လေးခါပြသည်။

" ကိုး လာနှုတ်ဆက်တာ ကို​နောင် "

"ဘယ်လို"

"ကိုး... ကိုးအ​ဖေဆီပြန်ရ​တော့မယ်"

"အပြီးလား..."

"ဟုတ် အပြီးလိုမျိုးပဲ​ပေါ့ "

"ကိုး အ​ဖေက ဘယ်နိုင်ငံ ကလဲ"

"Uk ​လေ"

"​သြော် Ukဆို​တော့ အခု ကိုးတက်​နေတဲ့ Uni နဲ့ အချိတ်အဆက်ရှိမှာ​ပေါ့ စာ​မေးပွဲကအဲ့​ရောက်မှ​ဖြေမှာလား"

"ဟုတ်တယ် ကို​နောင်"

"ဘယ်​နေ့လဲ"

"မနက်ဖြန်ပဲ"

"ရင်ဖွင့်စရာမရှိဘူးလား"

ကိုးတစ်​ယောက်အ​နောင့်ကိုကြည့်ပြီး   ပြုံးပြလိုက်တယ် ။ ကားထဲမှာလည်း စကားသံ​တွေ တိတ်ဆိတ်ငြိမ်သက်လို့။

ကား​လေးက​တော့  ​ကော်ဖီဆိုင်​လေးဆီသို့ တ​ရွေ့​ရွေ့သွား ​နေသည်။

***

"အယ် နှစ်​ယောက်က အတူလာတာလား"

"ကိုးနဲ့​ ​လမ်းမှာ​တွေ့လို့​လေ"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Donde viven las historias. Descúbrelo ahora