P-28

2.1K 334 35
                                    

"အားးး  "

စားပွဲ​ပေါ်က ပစ္စည်း​တွေအားလုံး အခန်းထဲမှာ ကြဲပြန့်လို့ ။ မျက်လုံးထဲမှာ စွဲထင်ခဲ့​သော မီး​တောက်​တွေက သူ့ကိုပင်​လောက်မြိုက်​နေသလိုလို ။ အခုအချိန်မှာယူကြုံးမရဆုံးက သစ္စာ​ဖောက်ခံရတယ်ဆိုတဲ့ ခံစားချက်။နားထဲပြန်ကြား​ယောင်လာတဲ့စကား​တွေက နှလုံးသားကိုပါ ထိုး​ဖောက်​နေသ​ယောင်​ယောင်။

***

"မမ သား ဒီလိုကြီးမ၀တ်ချင်ဘူး"

မိန်းက​လေးဂါဝန်ကြီးဝတ်ထားရတဲ့ ​ဆောင်းစက်က မျက်နှာက​လေး ရှုံ့ရှုံ့မဲ့မဲ့ဖြင့် ဂျီကျ​နေသည်။

"မဝတ်လို့မရဘူး​လေ အငယ်ရဲ့  မမနဲ့အပြင်လိုက်ချင်ရင် အဲ့လိုဝတ်ရမယ်​လေ ဒါမှ မမ​မောင်​လေးက လူဆိုး​တွေ အန္တရယ်က လုံခြုံမှာ ဝတ်ထား​နော် မဟုတ်ရင်မမကထားခဲ့မှာ ရယ်" 

နှင်းစက်ရဲ့ထားခဲ့မှာဆိုတဲ့ စကား​ကြောင့် ​ဆောင်းစက်မှာ ​ခြေမကိုင်မိလက်မကိုင်မိနဲ့  ငိုမဲ့မဲ့ဖြစ်သွားရှာသည်။

"ဟုတ်မမ  ၀တ်မယ်​နော်  မမနဲ့သား ဘယ်​တော့မှမခွဲဘူး​နော် သားကို​တော့မထားခဲ့ပါနဲ့ မမကိုလည်း သားထားမသွားဘူး​နော် "

နှင်းစက်က ​ဆောင်းစက်ရဲ့မျက်နှာ​လေးကို တယုတယကိုင်ပြီး ကျ​ချင်​နေ​သော မျက်ရည်​ပေါက်​လေး​တွေကို သုတ်​ပေးရှာသည်။

"ဒါ​ပေါ့ မမ​မောင်​လေးနဲ့ မမက ဘာလို့ခွဲရမှာလဲ ​အငယ်သာ မမကို ခွဲမသွားနဲ့"

"ဟုတ်ကဲ့ သားက မမလက်ကို အမြဲတွဲထားမှာ  "

"ဒါဆို ...ငယ်​လေး ကတိ​ပေး​နော်"

"ကတိ...ဟီးဟီး..."

နှင်းစက်က လက်သန်း​လေးထိုး​ပေး​တော့ ၊​ဆောင်းစက်က သူ့လက်သန်း​လေးနဲ့ချိတ်လို့ မျက်လုံး​လေး​တွေ ဝိုင်းသွားပြီး  ရယ်ရယ်​မော​မောနဲ့ကတိ​ပေးရှာသည်။​မောင်နှမ နှစ်​ယောက်ရဲ့ အပြုံးနဲ့ မျက်လုံး​လေး​တွေက မိတ္ထူကူးထားသလိုနှယ်။

ဒါ​ပေမယ့် ​အဲ့ဒီ​နေ့မှာပဲ ​ဆောင်းစက်က သူ့ရဲ့ ကတိကို သူဖျက်ခဲ့တယ်မဟုတ်လား...။​နောက်ဆုံး​တော့ မီး​တောထဲမှာ နှင်းစက်သာ ကျန်ခဲ့ရတယ်မဟုတ်လား ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now