P-20

2.4K 354 56
                                    

""ဒီလို​လေ အ​နောင်ရယ် The coffee diary's  special weekဆိုတာက

The coffee diary ရဲ့ ​Birth weekလေ...

ဒီဆိုင်ကို ဒီဇင်ဘာ ၂၃မှာ ဖွင့်တာ​  အဲ့​တော့ ၂၃၊၂၄၊၂၅ရက်ဆို Christmas​ရော ဆိုင်Birthday​ရော​ပေါင်းပြီး Customersတွေကို Present​ပေးတယ်​

အဲ့​​တော့ Present​ပေးဖို့အတွက်  ၂၂ရက်​နေ့တစ်ညမှာ  ကိုယ်တို့​တွေအတူတူပြင်ဆင် ကြရတယ် အိမ်မပြန်ကြဘူး

ပြီးရင် ​တော့ ကိုယ်တို့​တွေ ခရီးရှည်ထွက်ကြတယ်​ပေါ့ကွာ""

ညီထက် ရှင်းပြတာကို အ​နောင်က ​ခေါင်းတငြိမ့်ငြိမ့်နဲ့သာ တိတ်တဆိတ် နား​ထောင်သည်။

မဆီမဆိုင် အသံအကျယ်ကြီး ထွက်လာတာက​တော့ သူတို့အားလုံး သတိ​မေ့​နေတဲ့သူ...

"​ဝေါင်း...မိုက်တယ်!"

အသံကြားရာကို ​သူတို့ အကုန်လှည့်ကြည့်မိ​တော့၊ မျက်လုံး​လေးကို ဝိုင်း လို့ ၊သွားစွယ်မှ စိန်ပွင့်​လေးက တလက်လက်နဲ့ အားပါးတရ ပြုံးဖြီး​နေ​သော  ​ကောင်​​ငယ်​လေးက လက်ခုပ်တ​ဖြောင်း​ဖြောင်းနဲ့ ​ကောင်းချီး​ပေး​နေသည်။ ​

ဆောင်းစက်က ထို​ကောင်​လေးကို အံသြဟန်နဲ့သ​ဘောတကျကြည့်တယ်၊ ညီထက်က​တော့ အထူးအဆန်းလူသား​လေးဆိုတဲ့ အမြင်နဲ့ကြည့်တယ်။

အ​နောင်က​တော့ မနိုင်စိန် ငယွ​လေး ကို အမြင်ကပ်​နေတဲ့ စိတ်ကို မဖုံးဖိနိုင် မျက်လုံးအိမ်ထဲမှ ကြည်​တောက်​တောက်စူးရဲရဲအကြည့်တို့ကို ​ထောင့်တစ်ဖက်သို့ ကပ်ခါ မျက်ခုံးတစ်ဝက်ကို တွန့်ချိုး၍ကြည့်သည်။

မင်းလွင်က​တော့ ဘာလဲဟ ဆိုတဲ့ စကားလုံးကို အကြည့်တစ်ချက်နဲ့ပစ်လွှတ်သည်။

ထိုအခါမှ ရယ်ကျဲကျဲရုပ်​လေးနဲ့ကိုးက  ​​လေစိမ်းတိုက်​နေတဲ့ အကြည့် နှစ်ခုကို ရိပ်စားမိ​ပြီး၊ ပြုံးထား​သော နှုတ်ခမ်းနှစ်လွှာ အသာချလို့ လျှာ​လေးကိုထုတ်ကာ သွား​လေးနဲ့ အနည်းငယ်အားပါပါကိုက်ချလိုက်သည်။ မျက်ခုံး​လေးကလည်း အနည်းငယ် ပင့်လို့။

​​အ​နေရခက်ပုံ ဖြစ်​သွားတဲ့ ကိုးကိုကြည့်မိပြီး ၊ ​ဆောင်းစက်က ခပ်ပြုံးပြုံး​လေးနဲ့ အ​ခြေအ​နေ၀င်ထိန်း​ပေးသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now