P-3

4.8K 548 25
                                    

"ခင်များ​တော့​နော်..."

​​ဆောင်းစက် မြုပ်သွားတဲ့နာရီ​လေးကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိ။ သူသိလိုက်တာက ​ငှက်​လေးက ​ရေထဲဆင်းပြီး သတ်သေဖို့လုပ်တာမဟုတ်ဘဲ နာရီ​ကောက်ဖို့ကြိုးစား​နေတာပဲ။

သူဘာပြန်​ပြောရမယ်​ တွေး​နေတုန်း ငှက်​လေးက ​ရေထဲကို ဆက်ဆင်းဖို့လုပ်​နေတာ​ကြောင့် လက်ကိုမလွှတ်​ပေး​သေးဘဲ အတင်းဆွဲထားရပြန်သည်။ နာရီတစ်လုံး ဘယ်​လောက်တန်မှာမို့လို့လဲ ကန်​တော်ကြီးက ​ရေကန်​ရေ​သေကန်လည်းဖြစ်တယ် ၊နက်လဲနက်တယ် ။ ပြန်​တွေ့ဖို့မလွယ် ​ရေငုပ်ဖို့မလွယ် တာမို့ နာရီဆုံးရှုံးလည်း ရှုံးပါ​စေ​ပေါ့။

" ဟာ ​​ဖယ်ဗျာ"

အခုချိန်မှာ သူ့အားကိုးရာက ဒီနာရီပဲရှိတာမို့ အ​နောင် နာရီကို မရရ​အောင်ပြန်ယူဖို့စိတ်ကူးပြီး သူ့ ကို ဖက်ချုပ်ထားတဲ့လူကို ​စောင့်တွန်းဖယ်ကာ ​ရေထဲသို့ ​နောက်​ခြေတစ်လှမ်းတိုးလိုက်သည်။

"​ဟေ့​ကောင်​လေးရေကန်ထဲ ဆင်းလို့မရဘူး​လေ"

"အား!!!..."

​ငှက်​လေး ​စောင့်တွန်းလိုက်တာ​ကြောင့် ​​ဆောင်းစက် လက်​ထောက်လျက်နဲ့ သစ်ပင်အမြစ်ကြီး​တွေ ခဲ​တွေနှင့် မညီမ​ညာ​မြေပြင်​ပေါ်သို့ ​အရှိန်ပြင်းပြင်းလဲကျသွားပြီး လက်ဖျံကအ​တော် နာသွားတယ်။ ဒါ​ပေမယ့် စိတ်က​တော့ ထို​ကောင်​လေးနှင့် ကန်​တော်ကြီးသာယာ​ရေး ရုံးက လူ​တွေ စကားဝိုင်းထဲ​ရောက်​နေသည်။

"မဆင်းလို့မရဘူး ကျွန်​တော်နာရီ ပြုတ်ကျသွားလို့ "

"ဘာကျကျဆင်းလို့မရဘူး ​ပြော​နေတာဆက်ဆင်းမယ်ဆိုရင် မင်းသာယာ​ရေးရုံး လိုက် ခဲ့ရမယ် "

"ဟာဗျာ ..."

စိတ်အဆင်မ​ပြေပါဘူးဆို ပြဿဒါးပဲ​ဟေ့ ။ ဆင်းမရလဲမဆင်း​တော့ဘူး ။ ဘယ်လို​တွေ ကြုံ​နေရမှန်းကိုမသိဘူး။ အင်း​လေ ​ရေထဲဆင်းလဲ​တွေ့ဖို့မှမကျိန်း​သေတာ ။ လက်ထဲမှာရှိတဲ့ ပိုက်ဆံတစ်သိန်း​လောက် ဆိုတာလဲ ဘာလုပ်လို့ရမှာမို့လို့လဲ ။ အ​နောင်တစ်​ယောက် စိတ်ရှုပ်ရှုပ်နဲ့ ဖိနပ်​ကောက်စီး ​ကျောပိုးအိတ်လွယ် ရင်း ထို​နေရာမှ ထွက်လာလိုက်သည်။ လမ်းတစ်ဝက်အ​ရောက် ​နောက်ပြန်ကြည့်​တော့ ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now