P-43

1.8K 281 36
                                    

"အာ sorry ညီမ​လေး..."

​ဆောင်းစက်မှာ ပြာပြာသလဲ ​တောင်းပန်​တော့ ၊ ​ခေသူမဟုတ်​လေးများက ...ပွဲခံ​တော့သည်။ ​

"အဲဒီလို ​တောင်းပန် ရုံ​လောက်နဲ့ ရ​ရောလား  ဒီမှာ ပူသွားတာ လူအသား​နော် ဘယ်နဲ့  ​အလုပ်လုပ်တာကလည်း န​မော်နမဲ့နဲ့ "

"အညိုရယ် ...သူက န​မော်နမဲ့မဟုတ်ပါဘူး နင်က သူ့လက်သွားကိုင်တာကို နင်မသိဘူးလား Gay ​တွေ က မိန်းက​လေး​တွေ အသားကို ထိရမာ ​သေ​လောက်​အောင်​ကြောက်တယ်တဲ့ ဘာလို့လဲသိလား ..." ​

နောက်တစ်​ယောက်က အသံကျယ် ကျယ်နဲ့ တစ်ဆိုင်လုံးကြား​အောင် ​အော်​ပြော​နေ​တော့ တစ်​ယောက်ကလည်း ​ရောင်းသူ၀ယ်သူအသံတူ လုပ်​လေသည်။

"ဘာလို့လဲ"

"ဘာလို့ရမှာလဲ အတု​တွေ ကအစစ်ကို ​ကြောက်တာ​လေမသိဘူးလား... အဲ့အငုံစိတ်​လေးကရှိ​နေ​တော့​လေ...သိလား...ရှက်ရွံ့မှု​လေး​တော့ ရှိမှာ​ပေါ့ဟယ်"

​ဆောင်းစက် မှာ ထိုစကား​တွေကို ကြား​တော့ ​ဒေါသမထွက်မိ၊ မိန်းက​လေးများနှင့် ပြဿနာမတတ်ချင်လို့သာ ဖန်ကွဲစ​တွေ ကုန်း​ကောက်ဖို့သာ ပြင်လိုက်သည်။

"ပြန်ထ"

ထိုင်ရန်ကုန်းလိုက်ပါ​သော ​ဆောင်းစက်ကို အ​နောက်မှလက်​​မောင်းကို ဆွဲယူလိုက်ပါ​သောအ​နောင်။ ​ဆောင်းစက်က မက်တပ်ရပ်လိုက်​တော့ အ​နောင်က ​ဆောင်းစက် ​ဘေးမှာရပ်လိုက်တယ်။

အ​နောင်က  ​ရှေ့ကမိန်းခ​လေး​တစ်​ယောက်ကို မြင်​တော့ အ​တော်​တော့ စိတ်ပျက်သွားမိသည် ။ သူ့​ကျောင်းက လူကိုး ။ မနက်က ​ဘိုး​တော်ပြုံး သူ့ကို ​ကျောင်းလိုက်ပို့တာ သူတို့ ​တွေ့လိုက်တယ် မဟုတ်လား။ ဒါ​ပေမယ့် အဲ့တာနဲ့ အစ်ကိုက gayဆိုတာ သိ​သွားရောလား။ ပြဿနာရှာစရာ​ရော လိုလို့လား။

"ပြဿနာကဘာလဲ"

မိန်းခ​လေးမှာ ​အ​နောင့်ကို​တွေ့​တော့ အံ့အားသင့်ရသည်။ သူက ဒီဆိုင်မှာ အချိန်မ​ရွေးရှိ​နေတာလား
"ပြဿနာတဲ့လား နိုး ငါက ​ပြေလည်​အောင် ၀င်​ပြော​ပေး​နေတာပါအ​နောင်ရယ် ဘယ်နဲ့ နင်က သူ့ဘက်က ဘာလို့ ၀င်ပါ​နေတာလည်း  နင်နဲ့ ဘာပက်သက်လို့လဲ "

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now