P-31

2K 341 22
                                    

"မင်း အသည်းအသန် ဘာရှာ​နေတာလဲ"

"က​လေးကို"

မင်းလွင်အခွင့်သင့်တုန်း​  ​မေးချင်တာ မေးဖို့ပြင်ရ​တော့သည်။

"​ဆောင်းစက်"

"​ဟေ"

"ငါမင်းကို အ​ကြောင်းစုံ ​မေးဖို့ သင့်ပြီထင်တယ်"

ထူးထူးဆန်းဆန်း မင်းလွင်ရဲ့ စကား​ကြောင့် ​ဆောင်းစက်မှာ မင်းလွင် ကို  သတိထား မိ​တော့  မင်းလွင်က အ​လေးအနက်​ပြော ​နေပုံပင်။

"ငါမင်း အ​ကြောင်း အဓိက က မင်းရဲ့ အတိတ်ကို ငါဘားမှမ​မေးခဲ့ဘူး   

မင်း အတိတ်မှာ ပြဿနာ တစ်ချို့ရှိခဲ့မှန်းငါသိပါတယ်   ဒါ​ကြောင့် ကိုကြီးက မင်းအ​ပေါ်ဂရုတစိုက်ရှိတာလည်း သိတယ်      ငါမ​မေးခဲ့တာက မင်းငါ့ကို ​​ပြောပြချင်စိတ် ရှိမရှိမသိခဲ့လို့ 

  ဒါ​ပေမယ့်   ငါအခု ​မေးချင်ပြီ      မင်းက ငါ့အတွက် အနစ်နာခံပြီး အမြဲရှိခဲ့​ပေမယ့်      ငါက​တော့ မင်းသူငယ်ချင်းဖြစ်ပြီး   မင်းအနားမှာ ရှိ​နေပြီး    ဘားမှလုပ်​ပေးခွင့် မရှိ​နေဘူး      ငါမင်းအတွက်ဆို ဘားမှမလုပ်​ပေးနိုင်ခဲ့ဘူး    အခု​တော့  မင်းငါ့ကို ​ပြောပြမယ် မဟုတ်လား  "

"မင်းလွင်ရယ် မင်း ငါ့အတွက် လုပ်​ပေးခဲ့ပါတယ် မင်းသာ ငါ့ဆိုင်မှာ   ပိုက်ဆံ မဆိုက်ပေးခဲ့ရင်   ငါ့မှာ အိမ်ပိုင်ဆိုတာ​တောင် ကျန်မှာ မဟုတ်ဘူး​လေ      ငါအခုလို ရပ်တည်နိုင်တာ မင်း​ကြောင့်ပါကွာ    ကဲ​ပြော  မင်းက ဘာသိချင်လို့လဲ   "

"အင်း...မ​နေ့က ကိစ္စက မရိုးသားဘူး မဟုတ်လား   မင်းကို ဓါးနဲ့ထိုးသွားတဲ့ အ​ကောင်က မင်းအနားကပ်ပြီး တစ်ခုခု ​ပြော သွားတာငါမြင်လိုက်တယ် သူဘာ​ပြောသွားတာလဲ"

​ဆောင်းစက်က သူ့အ​ကြောင်း​တွေ  မင်းလွင်ကို တမင် ဖုံးကွယ်ထားခဲ့တာမှ  မဟုတ်တာ ။သူငယ်ချင်းကို မ​ကောင်းတဲ့ အတိတ်ကို မ​​ဝေမျှ ခဲ့တာပဲ ရှိတာမဟုတ်လား။​မေးလာ​တော့လည်း​ပြောရမှာ​ပေါ့။

"သူက David လို့​ပြောသွားတာ "

"David    David ဆိုတာ ဘယ်သူမို့လိုလဲ မင်းလို အ​နေ​အေးတဲ့လူနဲ့ ဒီလိုအ​ကောင်နဲ့ ပက်သက်စရာ အ​ကြောင်းရှိခဲ့လို့လား "

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now