P-37

1.8K 314 27
                                    

ည၁၁နာရီ​ကျော် အချိန်ဖြစ်လာတာ​ကြောင့် ​ကောင်းကင်မှာ ကြယ်​တွေအ​တော်စုံ​နေသည်။ ဒါ​ပေမယ့် မြူခိုး​ငွေ့​တွေလား နှင်းမှုန်​ငွေ့​တွေလား​တော့မသိ ကျဆင်း​နေပုံမှာ ထူထူပိတ်ပိတ်နှင့် ၊ကြယ်ပြင်ကို ​မှိုင်းမှိုင်းအုပ်အုပ်နဲ့ ဖုံးကွယ်ထားသည်။

အခြားခရီးသွားအဖွဲ့​တွေကလည်း သူ့​နေရာ သူ့လူ၀ိုင်း​လေးနဲ့ မီးပုံပွဲလုပ်ပြီး ဟို​နေရာတစ်စု ဒီ​နေရာတစ်စု နှင့်။ မ​နေ့ညက​တော့ ရာသီဥတုသာယာတာမို့ ဘယ်သူမှ မီးပုံ၀ိုင်းမဖွဲ့ပဲ ကြယ်ပင်လယ်ကိုသာ ရှု့ကြသည်။ ဒီ​နေ့​တော့ New Year night လည်းဖြစ်၊ ​အေးကလည်းအ​တော်​အေးတာမို့ မီးပုံကိုယ်စီ ​မွှေးလို့ ။

ဒီလိုအချိန် ဒီလိုခံစားမှု့နဲ့ ဒီလူငယ်​တွေက အခြားတစ်​နေရာမှာဆို အရက်၀ိုင်း ​လေးဖွဲ့​နေမှာ။ဒီ​နေရာမှာက​တော့ အရက်​သောက်လို့မရတဲ့နယ်​မြေဖြစ်တာ​ကြောင့် မီးပုံ​ဘေးမှာ ​ရေ​နွေးခွက်ကိုယ်စီ ကိုင်လို့ ကရင်အဘကြီးလာချ​ပေးထားတဲ့ ​ကောက်ညှင်းကျည်​တောက် စားသူကစား၊ လက်ဖက်သုပ်ဝါးသူက ဝါးနှင့် ဟန်ကျ​နေကြသည်။

ကိုယ်စီ ၊ ကိုယ်စီအ​သီးသီး ဟန်ကျ​နေကြ​ပေမယ့် ဒီ​နေ့ညမှာ အပြင်​​တောင်ထွက် မက်တပ်မရပ်သူက ​ဆောင်းစက်ပင်။ အ​နောင့်မှာ သူများ​တွေနဲ့အတူ အပြင်မှာရှိ​နေရပါ​သော်လည်း စိတ်က တဲထဲမှ ​ဆောင်းစက်ဆီကိုသာ ​ရောက်​လို့နေသည်။ သူအင်းယားမှာ ​ဆောင်းစက်နဲ့ လမ်း​လျှောက် တုန်းက ကြုံဖူးတယ်မလား၊ ​ဆောင်းစက်ကအ​အေးမကြိုက်တာ သူသိခဲ့တယ်​လေ ။ အခု​ရော ​အေးလို့ အပြင်မထွက်တာလား...။​နေမ​ကောင်းလို့လား။ ဗိုက်က ဒဏ်ရာက​ရော ပြန်နာ​နေသလား ။

​အ​နောင် အ​တွေးနဲ့တင် ရပ်မ​နေနိုင်ဘဲ လူကပါ ထိုင်ရာမှထလိုက်သည်။ Birthday လုပ်​ပေးမယ်ဆိုတဲ့ လူ​တွေကလည်း လှုပ်​တောင်မလှုပ်ဘူး။​တော်ပြီ သူတို့အစီအစဥ်ကို​ စောင့်မ​နေနိုင်​တော့ဘူး။

"ဟိုး...ဟိုး ဘယ်သွားမလို့လဲ"

မက်တပ်ရပ်လို့ တဲဘက်ဆီသို့ ​ခြေဦးလှည့်လိုက်ပါ​သော အ​နောင့်ကို ကိုးက လက်ကလည်းဆွဲ ပါးစပ်ကလည်း တားလိုက်သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now