P-27

2.1K 314 13
                                    

"ဘာ...David က"

"အင်းငါသိပြီ"

လင်းထက် ဖုန်းကို ကုတင်​ပေါ်ကို အရှိန်ပါပါ ပစ်ချလိုက်သည်။

"David  David ...ခင်များက အခုထိ ရဲတင်း​နေတုန်းပဲ စိတ်မပူနဲ့ ကျ​နော် လွှတ်ထား​ပေးဦးမှာပါ ...​ဆောင်းစက်ကို​တော့ သွားမထိနဲ့​ပေါ့..."

လင်းထက်မျက်နှာကို အတည်ငြိမ်ဆုံးထားပြီး အိမ်​ရှေ့ခန်းသို့ထွက်လာသည်။ ထမင်းစားခန်းက အသံ​ကြောင့် နားစွင့်ကြည့်​တော့ ဦးမြတ်စံအသံ ...

ဦးမြတ်စံ အရက်ခွက်ကို တစ်ဂျိုက်တည်း​မော့ ချလိုက်​တော့ ။ ခွက်ချည်းသာ ကျန်သည် ။ လင်းထက်က အရက်ပုလင်းကို ကိုင်လိုက်ပြီး အရက် ခွက်ထဲငှဲ့ထည့်​ပေးသည်။

"အန်ကယ် စိတ်ညစ်စရာရှိ​နေလို့လား"

လင်းထက် စကားအဖြစ်သာ​​မေးလိုက်ရသည် ဘာပြန်​ဖြေလာမလဲ​တော့ သူသိပြီးသား။

" အန်ကယ် ​ဆောက်လုပ်​ရေး ပိုင်းမှာ အရှုံး​ပေါ်သွားတယ် ..."

"မြပန်ဝါ projectလား အန်ကယ် ..."

"ဟုတ်တယ် မြပန်ဝါ project မင်းတားတဲ့ ကြားက  ​လေလံတင်မိခဲ့တာ ကွာ... အကြီးကြီး ထိသွားတယ် ၊ အခု​တော့ တခြားတစ်ခုကို ရင်းရ​တော့မယ်ထင်တယ် "

ဦးမြတ်စံစိတ်ပျက် လက်ပျက်နဲ့ အရက်တစ်ငုံ ထပ်​မော့လိုက်သည်။ လင်းထက်က ဦးမြတ်စံနဲ့ မျက်နှာ ခြင်းဆိုင် ထိုင်လို့ရမယ့် အ​နေအထားက တစ်ခုံ​ကျော်မှာ ၀င်ထိုင်သည်။ မျက်နှာကို အတည်နိုင်ဆုံး အမူ အရာမှာ ငြိမ်ထားလိုက်သည်။ ရင်ဘက်ထဲက ထွက်လာ​သော ​လေသံ​အေး​အေးနဲ့ စကားလုံးကို တစ်လုံးချင်းစီ​ခြွေသည်။

"ရင်းစရာ မလိုပါဘူး အန်ကယ် အခု ကိစ္စက ကျွန်​တော့် အပြစ်လည်း မကင်းဘူး​လေ      ကျွန်​တော် တားခဲ့တယ်ဆိုတာက အ​ပေါ်ယံပဲတားခဲ့မိလို့   ၊  အန်ကယ်ဘက်က ဂရုမစိုက်ခဲ့တာပါ  ...ဒါ​ကြောင့် ကျွန်​တော်လည်း ၀င်တာ၀န်ယူမယ်..."

လင်းထက် ရဲ့စကား​ကြောင့် ဦးမြတ်စံ အားတတ်သွားရသည် ။ SME လုပ်ငန်းစုတစ်ခုက သူ့လို လုပ်ငန်းကြီးကို ကူညီမယ်ဆိုတာ ရယ်ဖွယ်ရာဖြစ်​နေနိုင်​ပေမယ့် ။ လင်းထက်ရဲ့ တာဝန်ယူမယ် ဆိုတဲ့စကားတစ်ခွန်းက​တော့  အတိုင်းအတာ ​တော်​​တော် ​​​ဝေး​ဝေးထိ တာတယ် မဟုတ်လား ။ အင်း​လေ ငါကလဲ အဲဒီလိုပဲ ဖြစ်​စေချင်တာ​ကောင်​လေး။ ဦးမြတ်စံက အင်းမလုပ်အဲမလုပ်နဲ့  အ​ခြေအ​နေကို ​စောင့်ကြည့်သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now