P-17

2.2K 367 12
                                    

"​တောက်!! ဒီမျက်နှာ​တွေမမြင်ချင်ပါဘူးဆိုမှ"

"ဒီလူက ဘယ်လို​ရောက်လာရတာလဲ"

Blindခပ်ဟဟ​လေးကြားက ​တွေ့လိုက်ရ​သော passenger seatမှဆင်းလာသူဟာ အ​နောင့် စိတ်ကို ညစ်ညူး​စေသည်။ အငြိုး၊ရန်စ၊ အာဃာတရှိလို့ရယ်မဟုတ်​ပေမယ့် အရွယ်​ရောက်ပြီးမှ မိသားစုအဖြစ်ဆုံကြရတဲ့ လင်ပါ၊ မယားပါ သား​တွေက အဆင်​ပြေ​ပြေ​နေနိုင်ကြသည်မှာ ရှားတယ်မဟုတ်လား...။

အိမ်မှာ​တောင်အတူမ​နေချင် ဒီမျက်နှာ​တွေကို တစ်အိမ်ထဲမှာ မ​တွေ့ချင်တာမို့ ဆင်းရဲဒုက္ခခံပြီး အိမ်​ပေါ်ကဆင်းလာကာမှ အပြင်မှာလဲ မ​တွေ့ချင်ပါ။ ​ဒီ​နေရာမှာ ဒီလိုအ​ခြေအ​နေမျိုးနဲ့ ပိုမ​တွေ့ချင်ပါ။

​ မ​တွေ့ချင်ရခြင်းမှာ လင်းထက်ကို သူ့ အ​ဖေ ​နောက်အိမ်​ထောင်ရဲ့ သားပါ လို့​ပြောပြီး၊ ​ဆောင်းစက်နဲ့ မိတ်မဆက်​ပေးချင်သလို။ သူ့အသက်ထက် အများကြီး ကြီးတဲ့ လင်းထက်ကို  အကြီးတစ်​ယောက်လိုလည်း   စိတ်မပါဘဲ အရိုအ​သေ​ပေးပြီး မဆက်ဆံနိုင်ပါ။  ဒါ​ကြောင့်သူ့ အခန်းထဲသာ၀င်​နေပြီး အိပ်​ပျော်​နေ​​ယောင် ​ဆောင်လိုက်​တော့သည်။

"အကို၀င်​လေ"

ကား​ပေါ်က အတူ လိုက်ဆင်း​သော်လည်း ဆိုင်ထဲလိုက်ဝင်မလာတဲ့ လင်းထက်ကို ​ဆောင်းစက်က​ခေါ်​တော့ ၊ လင်းထက်က ငြင်းသည်။

"ရတယ် အကိုဒီမှာပဲ​စောင့်လိုက်မယ်​"

"ဒါဆိုခဏ​စောင့်​နော်"

​ဆောင်းစက်ဆိုင်ထဲ၀င်သွား​တော့  လင်းထက် ဆိုင်အ​ရှေ့က ပန်းပင်​လေး​တွေကို လိုက်ကြည့်​နေလိုက်သည်။
သူဘာလို့ အထဲလိုက်မ၀င်လဲ​တော့ ​ဆောင်းစက်က မသိနိုင်ပါ။ ​သေချာတာ​တော့ လင်းထက်လဲ အ​နောင်နဲ့ တူတဲ့စိတ်ရှိ​နေမည်ထင်သည်။

​ဆောင်းစက် bar counter နဲ့ မုန့်ဖုတ်တဲ့​နေရာတစ်၀ိုက်ကို ​​စေ့​စေ့စပ်စပ်ကြည့်ကာ ရှာ​​နေသော်လည်း၊ အခန်း​သော့နှင့် ပိုက်ဆံအိတ် ကမ​တွေ့။ မနက်က သူဒီမှာပဲ ကျန်ခဲ့တာပါလို့ ​တွေးရင်း ထပ်ရှာ​သော်လည်းမ​တွေ့။ ​တွေ့လို ​တွေ့ငြားဆိုပြီး  အ​နောင့်ကို ​မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now