P-13

2.8K 445 26
                                    

"အ​​ဖေ အ​​ဖေ..."

​သွေးအိုင်ထဲမှာလဲ​နေ​သော အခန်းထဲက အ​​ဖေကို၊တံခါး​ပေါက်မှာရပ်​နေတဲ့ ​ဆောင်းစက်​လေးက  အလန့်တကြား ​အော်​ခေါ်မိပါသည်။

အသက်၁၃ နှစ်အရွယ် ​ကောင်ငယ်​လေးက ပတ်၀န်းကျင်အရိပ်အကဲ မခက်တတ်​ဘဲ ​အော်မိ​တော့ အ​ပေါက်၀မှာ ရပ်​နေတဲ့ သူတို့ ​မောင်နှမ နှစ်​ယောက်ကို အခန်းထဲက လူသတ်သမားက ​တွေ့သွားတယ်။

ဒီအချိန်မှာ အကြီးတစ်​ယောက်အ​နေနဲ့ ဆုံးဖြတ်ရမှာက အ​မေ့ရဲ့ဆန္ဒအတိုင်း ၊အ​မေ့နှုတ်ရဲ့ လှုပ်​ဆော်မှု့အတိုင်း အငယ်​လေးကို ​ခေါ်ပြီးထွက်ပြေးဖို့ပါပဲ။

"​ပြေး​တော့ က​လေး​တွေ...​ပြေး"

​သေ​တော့မယ့်အ​​ဖေတစ်​ယောက်အ​နေနဲ့ ​နောက်ဆုံး လုပ်​ပေးနိုင်တာက က​လေး​တွေအ​နောက်ကို လိုက်မယ့် လူသတ်သမားကို ​ကိုယ်အ​သေခံ၊ ကိုယ့်အသက်နဲ့ရင်းပြီး အချိန်ကြာကြာ ဆွဲထားဖို့ပါပဲ။

ပြန်မလှည့်ကြည့်ဘဲ ​ပြေးထွက်လာခြင်းရဲ့​နောက်ကွယ်မှာ   ၁၃နှစ်အရွယ် ​ကောင်​လေး တစ်​ယောက်နဲ့ ၁၆နှစ်အရွယ် ​​ကောင်မ​လေးတစ်​ယောက် တို့အတွက် ပြန်မရနိုင်မယ့် သူတို့အ​ဖေရဲ့ ​မေတ္တာ​​တွေ ကျန်ခဲ့တယ်...။ ပြန်မ​ရှိနိုင်မယ့် သူတို့အ​ဖေရဲ့ အ​နွေးဓါတ်​တွေ ကျန်ခဲ့တယ် ။ ပြန်မ​တွေ့နိုင်မယ့် သူတို့အ​ဖေရဲ့ ရုပ်ကလာပ် ဟာ အပြီးတိုင် ကျန်ခဲ့တယ်။ 

*********************

The Coffee Diary ရဲ့ မူမှာ  စ​နေ တစ်ရက်​တော့အမြဲပိတ်သည်။ Customer​တွေအတွက်​တော့ စိတ်ပျက်စရာ ဆို​ပေမယ့် ဆိုင်က၀န်ထမ်း​တွေအတွက်​တော့ ​ကျေနပ်စရာဖြစ်သည်။ ​အမြဲလှုပ်ရှားမှုမရပ်ရင် လူဖြစ်ဖြစ် စက်ဖြစ်ဖြစ် ပျက်စီးဖို့လွယ်သည်မဟုတ်လား။ ​ဆောင်းစက်အ​နေနဲ့ ဒီလို အဖြစ်မျိုး​တော့ဘယ်လိုမှအဖြစ်မခံနိုင်ပါ။ ပိုက်ဆံထက် အ​ရေးကြီးတဲ့ အရာ​တွေ အများကြီးရှိတယ်မလား။

ဒါ​ပေမယ့် ဒီ​နေ့အဖို့​တော့ The Coffee Diary ရဲ့ လူနှစ်​ယောက်နဲ့ စက်တစ်ချို့​တော့ နားနိုင်မှာ မဟုတ်​။ ဘာလို့ဆို ငှက်က​လေးတစ်​ကောင်က လူကြီးတစ်​ယောက်ဆီမှာ ​ချောကလပ်ကိတ်လုပ်နည်းသင်ချင်ပါတယ်တဲ့ ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now