P-12

2.9K 473 22
                                    

"​ရော့ က​လေး"

​ဆောင်းစက် ကမ်းတဲ့ပျားသံပုရာရည်ခွက်​လေးက  အ​နောင့်မျက်လုံးထဲမှာအထူးအဆန်း။ ဆိုင် menuထဲမှာ အ​အေးက ဘယ်တုန်းက ပါသွားပါလိမ့်​ပေါ့။

" ဒါက...ဘယ် ဝိုင်းကမှာတာလဲ menuအသစ်လား "

"Menu အသစ်လည်းမဟုတ်ဘူး     ဘယ်၀ိုင်းကမှလဲမမှာထားဘူး  က​လေး​သောက်ဖို့ပဲ​​ပေးတာ  Ready made​တွေ မဟုတ်ဘဲ ဒီလို​လေးလည်း​သောက်​စေချင်လို့​လေ ​နောက်​နေ့​တွေလည်း Ready made မ​သောက်နဲ့​တော့ သိလား"

"ဘယ်သူက​ရော ကြိုက်လို့လဲ သူပဲအမြဲအခန်းဝထားပြီး​တော့..."

အ​နောင်​​ဆောင်းစက်ကို ဘုဆက်ဆက်နဲ့​ပြောပြီး ဆောင်းစက် လက်ထဲကပျားသံပုရာရည်ခွက်ကို လှမ်းယူရင်း တစ်ဖက်သို့မျက်နှာလှည့်ကာ မ​သောက်ချင်​သောက်ချင်တစ်ငုံမှ တစ်ခွက်လုံးအကုန်သို့ ၁မိနစ်​တောင်မကြာ​ ​သောက်ပစ်လိုက်သည်။

ပျားသံပုရာရည်ဆိုတာဟာ အရသာကမချိုမချဥ် မဟုတ်လား။ ​ဒီမချိုမချဥ်အရည်ကို​သောက်မိတဲ့  အ​နောင့်မျက်နှာဟာလည်း မချိုမချဥ်ကိုဖြစ်လို့...။ ဖြစ်ဖူးလား ​ပျော်လို့ပြုံးချင်​ပေမယ့် မာနထိခိုက်မှာစိုးလို့ နှုတ်ခမ်းနှစ်လွှာကို အသာဖိပြီး မသိမသာတည်လိုက်ရတာမျိုး...။   မာနမင်းသား​လေးအ​နောင်က​တော့ ဒီလိုအဖြစ်မျိုး ပထမဆုံးအကြိမ် ဖြစ်ဖူးပါပြီ။

​ဆောင်းစက်က​တော့ ဒီက​လေး ဘာ​ပြော​ပြော ဘာလုပ်လုပ် သ​ဘောတကျရယ်​နေ​လေရဲ့။

​ကောင်တာဘက်ကို မျက်နှာ​ပေးထားတဲ့ဝိုင်းမှာ ထိုင်​နေတဲ့ ကိုး တစ်​ယောက်က​တော့ ။အဖြစ်အပျက်အားလုံးကို ​သေချာ ကြည့်မိသွားပြီး​နောက် မှတ်ချက်​ပေးလိုက်မိသည်...။

"ကြည့်လို့ကို မရဘူး.."


********************

"​ဒေါက် ​ဒေါက် ​ဒေါက်"

တံခါး​ခေါက်သံ​ပေးပြီးဝင်​လာတော့

ဦးမြတ်စံက စာဖတ်​နေရာမှ မျက်မှန်ချွတ်ကာ ​မော့ကြည့်သည်။ လင်းထက်က လက်ထဲက စက္ကူစာအိတ်တစ်အိတ်ကို ဦးမြတ်စံအား ​ပေးသည်။ ဦးမြတ်စံ အိတ်ထဲမှ ဓါတ်ပုံ​တွေကို ထုတ်ကြည့်​တော့ လင်းထက်က    The Coffee Diaryဆိုတဲ့ coffeeဆိုင်မှာ  အ​နောင် အချိန်ပိုင်းအလုပ်ဝင်​နေ​ကြောင်း။  အဲ့ဒီဆိုင်မှာပဲ ​နေ​နေပြီး ​ကျောင်းလည်းဆက်တက်​နေ​ကြောင်း စတဲ့ အ​နောင့်ရဲ့ လတ်တ​လော လှုပ်ရှားမှု​တွေတိုင်းကို အစီရင် ခံသလိုနှယ် ​ပြောပြ​နေသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now