P-48

1.6K 263 34
                                    


"ဒီမှာ ​​တောင်းပန်ထား​ကြောင်း သက်​သေ ဓါတ်ပုံရိုက်လာခဲ့တယ်"

 သုံး​ယောက်သား ဖုန်းကိုပြ​တော့ လင်းထက်က မျက်ခုံးကို အသာပင့်ရင်း ​မေးဆက်ပြတယ်။

"အိုး​ခေ"

"အဲ့တာဆိုပြန်​ပေး​တော့"

"ဘာကို..."

"Laptop ပြန်​ပေး​တော့" 

"​သြော်... ပြန်​ပေးရမှာလား 

ကိုယ်က သက်​သေနဲ့တကွ  ရဲလက်အပ်ရမလားလို့"

"ဘာ ..."
"ဟာ ..."
"အဲ့ အာ့လို​တော့မလုပ်နဲ့​လေ"

​ကောင်မ​လေးရဲ့စကားကို လင်းထက်က မထီမဲ့မြင်ပြန်​ဖြေ​တော့ သူတို့​တွေမှာရုပ်ပျက်ဆင်းပျက်နှင့်။

"ဒီတစ်ခါ​တော့ ခွှင့်လွှတ်​ပေးလိုက်မယ်...

မ​လောက်​လေးမ​လောက်စား​လေး​တွေက Celebrities ​တွေကို Hackerလုပ်ရင်းသတင်းခိုးတယ်​ပေါ့  ဟုတ်လား

  မင်းတို့အထဲက နည်းပညာပိုင်း ဘယ်သူကိုင်တာလဲ  "

"သူ...သူ"   လင်းထက် အ​မေးကို ​ကောင်မ​လေးနှစ်​ယောက်က  မဆိုင်းမတွပဲ ပါးစပ်နဲ့​ရော ၊လက်နဲ့ပါ အားပါးတရနဲ့  တစ်ဦးတည်း​သောသူတို့သူငယ်ချင်း​ယောကျာ်း​လေးကို ညွှန်​လေတယ်။

"​အေး မင်း ကိုယ့်အရည်အချင်းကိုယ်မြှင့်ထားဦး  ငါတို့နိုင်ငံက ဆိုက်ဘာ ရဲ​တွေကလည်း​တော်လာကြပြီကွ ဒါ​ပေမယ့် ဒီစကား​ပြောတာ ငါ သူခိုးအား​ပေးတာမဟုတ်ဘူး  hacker သိက္ခါကို မထိ​စေချင်လို့"

လင်းထက် ခပ်တည်တည်နဲ့ ​ပြောလိုက်​တော့ သူလေးတို့ တစ်သိုက်မှာ မျက်နှာကိုမဲလို့။

"ထား​တော့ ဒါလည်း ငါ့ကိစ္စမဟုတ်ပါဘူး...

​ရော့ မင်းတို့ laptop

ငါ့ကိစ္စ ငါ​ပြောမယ်  မင်းတို့ ​ဆောင်းစက်မာန်ဆိုတဲ့လူအ​ပေါ် တူညီတဲ့အမှားမျိုး နှစ်ခါ​တော့မလုပ်မိ​စေနဲ့ ok?

ငါသွားပြီ ငချွတ်​လေး​တွေ Bye"

​ပြောချင်ရာ​ပြောပြီးထွက်သွားတဲ့ လင်းထက်​ရဲ့​ကျောပြင်ကို ကြည့်ပြီး   ထိုငချွတ်​လေး​တွေက​တော့ လက်ဖျားခါသွားကြသည်။


​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now