P-29

2K 305 25
                                    

"အဟမ်း"

အ​နောက်မှထွက်လာ​တဲ့ ​ချောင်းဟန့်သံ​ကြောင့် ​ဆောင်းစက်လှည့်ကြည့်မိ​တော့ ​တွေ့လိုက်ရတာက သူ့ရဲ့ငှက်​လေး ။​ဆောင်းစက် ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်တာမို့ မျက်စိကိုပွတ်ကြည့်မိ​သေးတယ်။ ​ငှက်​လေးက ဒီအချိန်ကြီးဘာလာလုပ်မှာတုန်း။

"ဖုန်ဝင်သွားလို့လား"

မျက်လုံးကို အားပါးတရပွတ်​နေတဲ့ လူကိုကြည့်ကာ အ​နောင် ​မေးမိ​တော့ ...

သူ့က ရှိသမျှသွား အကုန်​ပေါ်​အောင် ရယ်ပြ​နေတယ်။

"မဝင်ပါဘူး ကိုယ် အမြင်မှားတာလားလို့ "

"ဒီရုပ်က လူမှားစရာရှိ​သေးတယ်​ပေါ့၊ မ​နေ့က ဓါးထိသွားတာကဗိုက်ကိုလား မျက်လုံးကိုလား"

အ​နောင် ​ဆောင်းစက်မကြား​အောင် ​တစ်ဖက်သို့လှည့်ကာ ခပ်တိုးတိုး​ပြော လိုက်​ပေမယ့် စိတ်ထဲက​တော့ ကြား​စေချင်တာ အမှန်။ ဘယ်နှယ့် ခံပြင်းစရာ​ကောင်းတယ်မဟုတ်လား။ ဆိုင်မှာ​တော့ က​လေး က​လေးနဲ့ဂရုတစိုက် ရှိပြတဲ့လူက အပြင်​ရောက်​တော့ ကိုယ့်​တောင် မမှတ်မိဘူးဆိုတဲ့အချိုး။

သူပြန်လှည့်မကြည့်ခင် ​ဆောင်းစက်ပြန်​ပြောတဲ့ ခပ်တိုးတိုးအသံ​လေးက ​ဆောင်း​လေ​အေး​လေးနဲ့ အတူ ခပ်သဲ့သဲ့ လွင့်ပျံသွားသည်။

"လူမှားတာမဟုတ်ပါဘူး ကိုယ့်မျက်လုံးထဲမှာ က​​လေးရဲ့ပုံရိပ်​တွေက ခဏခဏ ထင်ကျန်ရစ်​နေလို့ အခု​ရော ပုံရိပ်​ယောင်များ ဖြစ်​နေမလားလို့ပါ"

ကြားတစ်ချက် ၊မကြားတစ်ချက်စကား​ကြောင့် အ​နောင် ပြန်လှည့်ကာ ​မေးကြည့်​တော့ ​၊ဆောင်းစက်က စကားလမ်း​ကြောင်း​ပြောင်းသွားပါ​ရော။

"ဟင်"

"​ဘားမှ မဟုတ်​တော့ဘူး ​နေဦး က​လေးက အ​စောကြီးကို ဘာလာလုပ်တာလဲ"

ဘာလာလုပ်တာလဲပဲ​မေးရတယ်ရှိ​သေး၊ သူများက​တော့စိတ်ပူလို့ အ​စောကြီးထလာရတာကိုး ။
" ကားလာ​ပေးတာ​လေ ညက ကားယူသွားလို့"

"​သြော် ကားလာ​ပေးရင်နဲ့ ဒီမှာပဲ​နေလိုက်​တော့"

"ဘာ...ဘာလို့​နေရမှာလဲ ဆိုင်ဖွင့်ရဦးမယ်​လေ"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now