P-19

2.3K 350 46
                                    

​ဆောင်းစက်က "ကိုးးးးး" လို့အားပါပါအော်​ခေါ်လိုက်တော့ အားကိုး​တွေ့ရှာသလိုနှယ်  ၊မျက်နှာ​လေး ရှုံ့မဲ့ရာမှ ငိုချင်ချင်ပါဖြစ်သွားသည်။

အ​နောင့်ကို ​ဆေးလူး​ပေး​နေတဲ့ ​ဆောင်းစက်က ​ ​ဆေးကိုအမြန်ပြီး​အောင် လူးလိုက်​သေးသည်။ ပြီး​တော့ ကိုးအနားကိုသွားကာ ကိုးကို တွဲထူမ​ပေးသည်။

"ဘာဖြစ်သွား​သေးလဲကိုး..."

ကိုးမှာဘားမှမ​ဖြေ သူ့ရဲ့ ညာဘက် လက်ပြင်ကိုသာ ဘယ်လက်ဖဝါးနှင့် ဖိနှိပ်ပြီး ငိုမဲ့မဲ့​လေးဖြစ်​နေသည်။

​ဆောင်းစက်က  မင်းလွင်ကို အ​မေးဟန်မျက်နှာ​​ပေးနဲ့  ကြည့်​တော့ မင်းလွင်က မိမိအပြစ်လုပ်မိလား ၊မလုပ်မိလားမသိ ​သေချာမသိဘဲနှင့်  ။ က​လေးတစ်​ယောက်ကို မိမိက အနိုင်ကျင့်သည်အထင်ခံရမှာ စိုးတာ​ကြောင့် ခပ်သွက်သွက်ပင် ​ဖြေရှင်းချက် ​ပေးရသည်။

"​ဆောင်းစက် မင်း ငါ​ယောင် တတ်တာကိုသိတယ်မဟုတ်လား၊ ဒီ​ကောင်​လေး​လေ ဘာမှမ​ပြောမဆိုနဲ့ငါ့ရဲ့ခါးကိုလာတို့တယ်ကွာ ၊ အဲ့တာနဲ့ငါလည်း..."

"​ယောင်ပြီး ကိုင်​ပေါက်လိုက်တယ်​ပေါ့..."

မင်းလွင်ရဲ့ စကားမဆုံး​သေးခင် ​ဆောင်းစက်က စကား၀င်​ထောက်လိုက်တယ်။

သူသိတာ​ပေါ့ သူ့ သူငယ်ချင်းအ​ကြောင်း။ မင်းလွင်ဟာ ​ဆောင်းစက်ရဲ့တစ်ဦးတည်း​သော သူငယ်ချင်းဖြစ်တဲ့ စိတ်သ​ဘောထား​ကောင်းတဲ့လူ​ကောင်း။

ဒါ​ပေမယ့်  မင်းလွင် မှာ မ​​ကောင်းတဲ့ အဓိကအချက်နှစ်ချက်ရှိသည်။ ဒါက​တော့ခါးကို ကလိထိုးရင် လူကိုကိုင်​ပေါက်တတ်တဲ့အကျင့်နဲ့ ​ကောင်မ​လေး​တွေကို ချစ်တတ်လွန်းတဲ့ အကျင့်ပင်။

အခု​တော့ အဲဒီမ​ကောင်းတဲ့အကျင့်တစ်ခု​ကြောင့် အထာမသိတဲ့ က​လေးတစ်​ယောက် အနာတရ ဖြစ်ရပြီမဟုတ်လား။ဒီအကျင့်ကို ပြင်ပါဆိုလဲ မပြင်ဘူး။

"မင်းကို အဲ့အကျင့်ပြင်ပါဆိုကွာ..."

"ငါကြိုးစားပြင်ပါတယ်ကွာ..." ​

"ကြိုးစားလို့ပဲ ဒီမှာဘာဖြစ်သွားပြီလဲမသိဘူး"

​ဆောင်းစက်က ကိုးကို အသာ​ခေါ်ကာ ​ အနီးရှိခုံမှာ ထိုင်ခိုင်းပြီး၊  ကိုးဖိထားတဲ့ လက်ပြင်​လေးကို အသာဖိနှိပ်​ပေးရင်း၊ မင်းလွင်ကို ဆူ​ပြော​လေး​ပြော​တော့ ၊မင်းလွင်မှာ ဘာပြန်​ပြောရမည်မသိ။ ဒီအချိန်မှာ​သူ့အတွက် ကျေးဇူးတင်ရမယ့်လူမှာ အ​နောင်ဖြစ်လိမ့်မယ်လို့ မင်းလွင်ထင်မထားခဲ့ပါ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now