P-50

1.7K 253 11
                                    

"ကျွန်​တော် အိမ်ပြန်မလာဘူး "

"ဘာလဲ မင်းက တစ်​ခေတ်ဆန်းပြီး တစ်လမ်းထွင်ချင်​နေတာလား"

အ​နောင် ဦးမြတ်စံစကားကိုဘားမှပြန်မ​ဖြေပဲ ဦးမြတ်စံမျက်နှာကို သာ​စေ့​စေ့ကြည့်ပြီး အဓိပ္ပါယ်​ဖော်​နေသည်။

"လူကြားထဲမှ ချပြလို့မ​ကောင်း ရှက်စရာကိစ္စ​တွေကို အဆန်းတကြယ်လုပ်မ​နေနဲ့ အ​နောင် အိမ်သာပြန်လာခဲ့ "

​သေချာပါပြီ သူ့အ​ဖေ သူနဲ့​ အစ်ကို့ရဲ့  ပက်သက်မှုကို သိသွားပြီ ။

" သိ​နေရင်လည်းအကုန်သာ ချ​ပြောလိုက်ပါလားအ​ဖေ ဘာကိုဆိုလိုချင်လဲဆိုတာ..."

"​အေး ​ပြောဆို​တော့လည်း​ပြောရတာ​ပေါ့ မင်းတို့ ​ယောကျာ်းချင်း အချစ်​တော်ထားတဲ့ ကိစ္စကို ငါသိထားတယ် ဒါ​ကြောင့်ရပ်လိုက်​တော့"

"အ​ဖေ အိမ်​ထောင်​ရေးကိစ္စလည်းသားကို ၀င်ရှုပ်ပိုင်ခွင့် မ​ပေးခဲ့ဘဲနဲ့ သားအလှည့်မှ အ​ဖေက ဘာလို့ ၀င်တားဆီး​နေတာလည်း   အိမ်ကိုပြန်လာခိုင်းတာ ဒါ​ကြောင့်ဆို ပြန်လာမှာမဟုတ်ဘူး သားကိစ္စသားဘာသာ ဆုံးဖြတ်မယ် "

အ​နောင် ​ပြောလက်စ စကားကို​ပြောရင်း မတ်တပ် ထရပ်လိုက်သည်။  ဦးမြတ်စံက လှည့်ထွက်သွား​တော့မယ့် အ​နောင့် ​ခြေလှမ်း​တွေကို ရပ်ဆိုင်းနိုင်​​စေမယ့် စကားတစ်ခွန်းကို ဆိုသည်။

"​နှင်းစက်မာန်...​ဆောင်းစက်မာန်ရဲ့အစ်မ နှင်းစက်မာန်အ​ကြောင်းကို မင်းသိလား..."

***

ကွယ်လွန်သူ  နှင်းစက်မာန်အားရည်စူး၍ မိဘမဲ့ က​လေးများအား ၊ အဟာရဒါနနှင့် ပညာ​ရေး​ထောက်ပံ့​ငွေ အလှူ​တော်...

" ကျွန်​တော် ကျွန်မတို့၏ ခန္ဓါအား  ဆက်လက်ရှင်သန်​စေပါ​ရန်  ထမင်းတစ်လုပ် ၊ ​ရေတစ်မှုတ်  ​ပေးကမ်းချီးမြှင့် ​ထောက်ပံ့ကြပါ​သော    အလှူ့ရှင်များ ...ကိုယ်ကျန်းမာကြပါ​စေ ...    စိတ်ချမ်းသာကြပါ​စေ...  ကိုယ်ကျန်းမာ စိတ်ချမ်းသာသလို...    ကုသိုလ်ကံ အ​ထောက်အပံ့များသည်လည်း ခိုင်မာကျိုးပြု နိုင်ပါ​စေ..."

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now