P-42

1.7K 270 20
                                    

"က​လေး​ရော့"

​ကျောင်းကပြန်လာတဲ့အ​နောင့်ကို ​ဆောင်းစက်က စ​တော်ဘယ်ရီသီး​ ဖျော်ရည်ခွက်​လေးထိုး​ပေးသည်။

"​ကျေးဇူးတင်ပါတယ်ဗျ"

အ​နောင်ကပြုံးလို့ရွှင်လို့ ​ဆောင်းစက်လက်ထဲကခွက်​လေးကိုလှမ်းယူကာ​သောက်​တော့...J၀င်​နေပါ​သောမင်းလွင်။

"​သောက်​ဟေ့​သောက်...အဲ့တာVIP​တွေအတွက်Special menu ​တွေ ၊​သောက်နိုင်သူ​တွေ​သောက်ကြ၊ တကယ်တည်း ညဥ်းတို့​တွေ စွမြင်ကိုကပ်တယ်"

မင်းလွင်​ပြောစကား​ကြောင့် အ​နောင်မှာ ရယ်အားသန်လို့၊ ​ဆောင်းစက်က​တော့ တံ​တောင်နှင့် မင်းလွင်ခါးကိုတွတ်လိုက်သည်။

"အာ့"

"Ice Black coffee တစ်ခွက်"

အသံကြားရာကိုကြည့်​တော့ Ice black coffeeကိုမှာ​နေသူက ကိုး... ​

"ကိုး သောက်​နေကျမ​သောက်ဘူးလား..."

​ဆောင်းစက်က​မေး​တော့ ကိုးက ​ခပ်​ရေး​ရေးပြုံး​ယောင်​ဆောင်ကာ ​ခေါင်း​လေးခါပြရင်း ဆိုင်​ထောင့်ဆုံးက စားပွဲ​လေးမှာ သွားထိုင်သည်။

"ကိုး​လေး ဘာဖြစ်​နေတာလဲမသိဘူး" ​ဆောင်းစက်က​ပြောတော့ အ​နောင်က ကိုးကိုလိုက်ကြည့်​နေသည်။

"Orderစာရွက်​ပေး" မင်းလွင်က ​order စာရွက်ယူပြီး ညီထက်ကို​ပေးတယ် ။ခဏကြာ​တော့Black coffee ခွက်ကိုယူကာ ကိုးဆီသို့ သွားသည်။

"Black coffee ရပြီ"မင်းလွင်က ​ကော်ဖီခွက်ချ​ပေး​တော့ ကိုးက မင်းလွင်ကို စိုက်ကြည့်​နေတာမရပ်မနား။

မင်းလွင်ကကိုးနှဖူးကို ​ထောက်လို့ ​ခေါင်းကိုတစ်ဖက် သို့​စောင်းသွား​အောင်တွန်းလိုက်​တော့မှ ကိုးအသိပြန်၀င်​တော့သည်။

"ဘာဖြစ်​နေတာလည်း..."

"ဘားမှမဖြစ်ဘူး စိတ်ညစ်လို့ Black coffee ​သောက်ကြည့်ချင်လို့​လေ ထူးဆန်း​နေလို့လား"

" Black coffee ​သောက်တာ မထူးဆန်းပါဘူး အဲစိတ်ညစ်လို့ ​သောက်တာဆိုရင်​တော့ ထူးဆန်းတယ်
မင်းမို့လိုကိုထူးဆန်းတယ် မင်းကစိတ်ညစ်တတ်​သေးတာလား"

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now