P-52

1.7K 258 27
                                    

"က​လေး... ဒီ​​နေ့အ​စောကြီးပဲ​ ကျောင်းမသွားဘူးလား "

"​ဟုတ် ချွေး​တွေ နဲ့ ​ရော့ ​သောက်လိုက်ဦး "

အ​နောင် က တည်ငြိမ်​သောမျက်နှာ​ပေးနှင့် အ​အေးခွက်​လေးကို ​ဆောင်းစက်လက်ထဲထည့်ပြီး ၊ဆောင်းစက် နှာ​ခေါင်းထိပ်နဲ့ နှဖူးက ​ချွေးစ​လေး​တွေကို သူ့လက်ဝါး​ နဲ့ လက်​ချောင်းလေး​တွေကိုပဲ အသုံးပြုလို့ သုတ်​ပေး​လေသည်။ ​

အ​အေး​​သောက်မယ့် ​ဆောင်းစက်က အ​အေးခွက်ကို ပါးစပ်မှာ တေ့တုန်း အ​နောင့်ရဲ့ အပြု အမူ​ကြောင့် တုံ့ဆိုင်းသွားသည်။ အ​နောင့်မျင်လုံးကို စိုက်လို့ကြည့်​တော့ ကြည်လင်တဲ့မျက်၀န်း​လေး​တွေထဲက ​အေးမြရိပ်​လေး​တွေလဲ့​နေသလို ပူ​​ဆွေးရိပ်တစ်ချို့လည်း ​တွေ့ရသည်။

"ခဏ"

ဆောင်းစက် အ​အေးခွက်ကို ​ဘေးချလို့၊ အ​နောင့် လက်ကို ဆွဲပြီး အ​နောက်ဘက် ခြံ၀န်း​လေးထဲကို ဆွဲ​ခေါ်သွားသည်။ အ​နောင်ကလည်း အသာအယာ​လေးပင် ​ဆောင်းစက်​ခြေလှမ်း​တွေ​နောက် ထပ်တူညီစွာ လိုက်သွားသည်။

"က​လေး ဒီ​နေ့ အိမ်ပြန်တာလား ၊ အိမ်မှာ အ​ဖေနဲ့ ဘာဖြစ်လာ လို့လဲ"

တည်ငြိမ်​နေလှ​သော အ​နောင့်မှာ ဘားမျှပြန်မ​ဖြေ။

"က​လေး ​မေး​နေတယ်​လေ ဘာလို့လဲ၊ ဘာဖြစ်​နေတာလဲ ​နေမ​ကောင်းဘူးလား "

​ဆောင်းစက်က အ​နောင့်ကို ဆွဲထားတဲ့လက်ကိုဖြုတ်ပြီး
အ​နောင့်နှဖူးက အပူ​ငွေ့ကို သူ့လက်ဝါးနှင့် စမ်းဖို့ ပြင်လိုက်သည် ။

အ​နောင်က သူ့နှဖူးဆီကို လှမ်းလာတဲ့ ​ဆောင်းစက်ရဲ့လက်ကို သူ့နှဖူးနဲ့အထိမခံဘဲ ဖမ်းဆွဲလိုက်သည်။

​ဆောင်းစက်မှာ အ​နောင့်အပြုအမူ​ကြောင့် ​ကြောင်အမ်းအမ်းနှင့် ဘာ​ပြောရမှန်းပင်မသိ။

အ​နောင်က ရုတ်တရက်ဖမ်းဆွဲလိုက်တဲ့ ​ဆောင်းစက်လက်ကို ​နောက်လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရုတ်တရက်ပင် နမ်းလိုက်သည်။ အပြုအမူများကရုတ်တရက်​ဖြစ်သော်လည်း အနမ်းတို့က​တော့ အစိမ်းသက်သက်မဟုတ်။ ​နွေး​ထွေးသည်။ ညှင်သာသည်။ နူးညံ့သည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now