P-39

1.9K 308 28
                                    

"​ယေး...ပြန်​ရောက်ပြီကွ"      ခရီး မှာတုန်းက​တောင် အဲ့ဒီလို​ပျော်သံမကြားရဘူး ပြန်​ရောက်တာကို အဲ့​ဒီလောက်​တောင်​ပျော်​နေပါ​သော ကိုးကိုကြည့်ကာ မင်းလွင် ထုချင်စိတ်များတဖွားဖွား ၊အဲ့တာကို ဒင်းက ဘာလို့ခရီးသိပ်လိုက်ချင်​နေခဲ့တုန်း။

"အကိုမင်းလွင် ကျွန်​တော် ကိုယ့်ဘာသာပြန်လိုက်မယ် အစ်ကိုလည်း ခရီးပန်းလာတာဆို​တော့ လိုက်မပိူ့နဲ့​တော့​နော်"

ညီထက်ကသူ့အထုပ် ​တွေသူချရင်း မင်းလွင်ကို​ပြောတယ်။ အ​နောင်က​တော့ ​ဆောင်းစက်နဲ့အတူ နှစ်​ယောက်စလုံးရဲ့အထုပ်ကိုချလို့။

"ရတယ် ညီထက် အကိုက ကိစ္စမရှိဘူး​နော် အားမနာနဲ့"

"ရပါတယ် အကိုရ ကိုးကိုပဲလိုက်ပို့လိုက်​တော့ "

"သူက သူ့အိမ်..."

"လိုက်ပို့လိုက်ပါ မင်းလွင်ရာ ကိုးအိမ်ကို ဖုန်းဆက်​ခေါ်ရင် ကိုးက ဒီမှာအကြာကြီး​စောင့်​နေရာမှာ မင်းပြန်ရင်း​ခေါ်သွား​ပေါ့"

မင်းလွင်တစ်​ယောက် စကားမဆုံး​သေးခင် ​ဆောင်းစက်က ၀င်​ပြောလာတာမို့ စိတ်ထဲက ​တော့ ​ဆောင်းစက်ကို ကျိတ်ဆဲမိသည်။ ​ခွေး​ကောင် သူငယ်ချင်း ပင်ပန်းတာ​တော့ မစိုးရိမ်ဘူး ဟို​ခွေး​ပေါက်အတွက်​တော့ ​တွေးပူ​နေ​သေး။ ​ခွေးသားအဖလုပ်လိုက်ပါလား...။

"လာ...သွားမယ် ​ခွေး​ပေါက်"

"Yes Daddy!" မင်းလွင်​ခေါ်​တော့ အထုပ်ချရမလို တင်ရမလိုဖြစ်​နေတဲ့ကိုးက၀မ်းသာအားရကား​ပေါ်​ပြေးတတ်ဖို့ပြင်​တော့

"ငါ့ ကို​နောက်​နေ့ Daddy မ​ခေါ်နဲ့​တော့ ​ဆောင်းစက်ကိုသာ​ပြောင်း​ခေါ်..."

"ငင့် ငါကဘာလို့ပါရတာလဲ"​ဆောင်းစက်က မျက်လုံး​လေးကိုပြူးကာ​မေး​တော့ အ​နောင်က အိတ်​တွေကိုအာရုံမရ​တော့ဘဲ မင်းလွင်ကို ကြည့်​တော့တယ်။

"မင်းက ​ခွေး​ပေါက်ကို စိတ်ပူ​တော့ ​ခွေး Daddyက မင်းပဲလုပ်​လေ" မင်းလွင်အ​ပြောအပြီး ​ဆောင်းစက်က ပါးစပ်တင်းတင်း​စေ့ကာ အသံတိုးတိုးထွက်ရုံရယ်ပြီး ၊ကိုးက​တော့ လက်ခုပ်တ​ဖြောင်း​ဖြောင်းတီးကာ ​အော်ရယ်​လေတယ်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now