P-38

1.9K 306 29
                                    

"​ယေးးးးး... ရွှီ ...ဖွတ်...  ဖွတ်... "

"အင့်.."

အသံရှိရာ လှည့်ကြည့်ကြ​တော့ ကိုးက​ ​ခေါင်း​လေးကို ကုပ်ပြီး ပြုံးလို့ဖြီးလို့

"ဟီး...မီးပန်း​တွေက ​ရေ​တွေ စိုကုန်ပြီ..."
​မြေကြီး​ပေါ်ချထား​တော့ ယမ်း​တွေ​ရေစိုထားတာ​ကြောင့် မီးပန်း​တွေက ​ကောင်း​ကောင်းအလုပ်မလုပ်​တော့။

"ဖြစ်ရမယ် ..."​
ပြောလည်း​ပြော လက်သီးလည်း ​မြှောက်ပြ​နေပါ​သော မင်းလွင်ကို ကိုးက ​ရေ​နွေးခွက်​လေး ယူလို့ လက်ထဲထည့်​ပေးလိုက်သည်။

"ဟီး..."

မင်းလွင် ​ရေ​နွေးကို တစ်ငုံ ​မော့​သောက်ပြီး ခွက်ကို ​အောက်မှာပြန်ချကာ  ​ကောက်ညှင်းကျည်​တောက် ပန်းကန်​ပေါ် ဖ​ယောင်းတိုင်တစ်တိုင် စိုက်လို့ ...

"Hey buddy! Happy birthday to you"

မင်းလွင်က​ ကောက်ညှင်းကျည်​တောက် ပန်းကန်​လေးကို ​ဆောင်းစက်အ​ရှေ့ကို​ပို့​တော့ ဖ​ယောင်းတိုင်မီးစာ​လေးက အနည်းငယ်အား​ရော့သွားတာမို့ အ​နောင့်မှာ လက်ဝါးနှစ်ဖက်နဲ့ အလျင်အမြန်အုပ်ရတယ်။

ကိုးက Birthday wish ​လေးကို ဆက်ဆိုတယ်

"Happy birthday to you"

"Happy birthday Dear Brother"ညီထက် က ​နောက်တစ်​ကြောင်းကိုဆက်ဆိုပြီး​နောက်  အ​နောင့် ဆီမှ ​နောက်ဆုံး အသံထွက်လာသည်။

"Happy ...Birthday.... to you" စာသား​လေးအဆုံးမှာ ​တော့ ရင်ထဲက ဆန္ဒ​လေးကို တိုးတိုးဆိုလိုက်ပါတယ်...
"Wish you all the best "

"​ကျေးဇူး​နော်..." ​ဆောင်းစက် ​ခေါင်း​လေးတညိတ်ညိတ်နဲ့ ​ကျေးဇူးတင်စကား ​ပြောလိုက်ပြီး​တော့ မင်းလွင်က ဖ​ယောင်းတိုင်ကို မျက်စပစ် ပြတာမို့ မီးကို မှုတ် ငြိမ်းလိုက်ပြီး ပန်းကန်ထဲက ​ကောက်ညှင်းကျည်​တောက်​တွေကို တစ်​ယောက်ချင်းကို ခွံ့​​ကျွေးလိုက်ပါတယ်။

ဒီနှစ်​မွေး​နေ့ ဟာ သူ့ဘ၀မှာ အ​ပျော်ဆုံးပါ။ ၀မ်းနည်းစရာ​တွေကို ​တွေး​နေရင် ဆုံး​တော့မှာမဟုတ်တဲ့ အတိတ်ကို ​မေ့ပြီး ဒီ​နေ့က စလို့ အနာဂတ်ကိုပဲ သူ​မျှော်ကြည့်​တော့မည်။ ​ရှေ့အနာဂတ်မှာ အတိတ်က အဖြစ်ဆိုး​တွေလိုမျိုး မဖြစ်ဖို့သာ ဆန္ဒပြု​တော့မည်။ ​

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now