P-53

1.7K 261 30
                                    

"မား... Bye  အထဲထိလိုက်မပို့ပါနဲ့ ကိုးဘာသာ သွားလိုက်ပါ့မယ်   မားကို  ချစ်တယ်​နော်..."  

ကိုးသူ့မားကို နှုတ်ဆက်ရင်း လှမ်းဖက်လိုက်သည်။

" အင်း ချစ်ရင် ဖယ်​ပေးပါဦး မား ဦးမျိုးကို မှာစရာရှိတာမှာရ​အောင် "

"ဗျာ  ဟုတ် "
8
" ဦးမျိုး အိမ်ကို စိတ်ချမယ်​နော်  
အလုပ်ကိစ္စက​တော့  ဂျာ​ရွှေ့ ကို မှာခဲ့တယ်      ဦးမျိုးက   သူလိုတာ​လေး​တွေပဲ လုပ်​ပေးလိုက်     

တကယ်လို့ အိမ်ဖုန်းကို တစ်ချို့တ​လေ ဆက်လာခဲ့ရင်   နိုးဆီကိုပဲ လွှဲ​ပေး​နော်  ​နောက်ပြီး"

နိုးစကားမပြတ်ခင် က်ုးက ၀င်​မေးရသည်။

"မား  ဘာ​တွေမှာ​နေတာလဲ"

နိုးက ကိုးကို ပြုံးပြ ပြီး ဦးမျိုးဘက်ကို ပြန်လှည့်ကာ

"ရပြီ  အိတ်​တွေထားခဲ့​တော့ ဦးမျိုး နိုးတို့ကိုယ်တိုင်သယ်လိုက်​တော့မယ် အိမ်ပဲပြန်လိုက်​တော့"

"ဟုတ်ကဲ့"

"မား မားက ဦးမျိုးနဲ့အတူမပြန်​သေးဘူးလား ဘယ်သွားဦးမလို့လဲ..."

"Oversea"

"Oversea မှာရိုက်ကူး​ရေးရှိလို့လား မား"

"အင်း​ပေါ့"

နိုးရဲ့စကားကိုကြား​တော့ ကိုး မျက်ရည်​လေး​တွေ မျက်လုံးအိမ်ထဲမှာ ​​ဝေ့တက်လာသည်။

ကိုးပြန်ရမယ့် ​နေ့​တောင် ​မားက မအားနိုင်ဘူး​ပေါ့။

နိုးက ကိုးကို​ခေါင်း​လေးကိုပုတ်လို့ပြုံးသည်။

"ရိုက်ကူး​ရေးက Overseaမှာ​လေ  သားတရားစီရင်ခန်းတဲ့ သိလားကိုး​လေး"

"ဟင် ..."

"မင်း Daddy ကို ​မေ​မေ လိုက်​ပြောမလို့ ကိုး​လေး ကို ​မားကပဲ အပြီးသိမ်းပိုက်လိုက်​တော့မယ်လို့  မ​ကျေနပ်ရင် သူလည်း မြန်မာနိုင်ငံလာချင်လာ မလာလည်း ​နောက်မိန်းမယူလိုက်​တော့လို့..."

နိုးရဲ့ စကားကိုကြားလိုက်တဲ့အချိန် ကိုးမှာ အ​ပျော်ကြီး ​ပျော်သွားပြီး လူကြားထဲမှာ နှစ်ချက်​လောက် shuffle Dance  ဆွဲလိုက်​သေးသည်။  အူမြူးမှု့လည်း အဆုံးသတ်​ရော သူ့မား ခုနက   ဘာ​ပြောလိုက်မှန်ပင် မသိ​တော့​ပေ။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Where stories live. Discover now