P-14

2.5K 417 19
                                    

"ကဲ က​လေး ပြင်ဆင်တာ​တွေအဲ့​လောက်နဲ့ရပ်လို့ရပြီ ဒီ​နေ့ အကိုတို့ချယ်ရီသီး ​ချောကလပ် ကိတ်​လေးလုပ်ကြမယ်"

​ဆောင်းစက်အ​ပြောကို အ​နောင်က ​ခေါင်းတစ်ချက်သာ ညိမ့်ပြတယ်။

"ပထမဆုံး အဓိကပါ၀င်ပစ္စည်း​တွေက ချယ်ရီသီး​၊ ရမ်အရက် ဒါမှမဟုတ် ဘရန်ဒီပန်းကန်လုံး​လေးတစ်လုံး​လောက်၊ချိစ်၊ ​ချောကလပ် ၊ဒါ​တွေက main​ပေါ့ ​ပုံမှန်က​တော့ တခြားကိတ်​တွေလိုပဲ ဂျုံ သကြား၊​ထောပတ်၊ခရင်၊​ရေ၊ ​တွေ​ပေါ့"

အသံသြဇာရှိ​ပေမယ့် ဂရုဏာသံစွက်ပြီး အေး​ဆေးတဲ့ ​လေသံက ခါတိုင်းအချိန်ဆိုရင်​တော့ ပျားရည်လို နား၀င်ချို​ပေမယ့် ၊ အခုမှာ​တော့ တိကျပြတ်သားပြီး အနည်းငယ် ဆရာဂိုဏ်း၀င်​နေတဲ့ အသံဖြစ်သွားတာမို့ ​ဆောင်းစက်ကို အ​နောင်မသိမသာ တစ်ချက်ကြည့်လိုက် မိပါသည်။

အသံပြောင်းသွားသလို တစ်ချိန်တည်းမှာပဲ ဘိုး​တော်ပြုံးမျက်နှာမှာလည်း သွားဖြူဖြူပိစိ​လေး​တွေ မြင်ရ​အောင် ပြုံးမ​နေ​တော့။ ဒါ​ပေမယ့် ပြုံးရိပ်​တော့သန်း​နေပါ​သေးသည်။ 

အ​နောင် ​ဆောင်းစက်​ပြောတဲ့ ingredients​တွေကို အစုံအလင် စုပြီး ​ရှေ့မှာစီထားလိုက်သည်။​ဆောင်းစက်က​တော့ အသိအမှတ်ပြုတဲ့အ​နေနဲ့​ခေါင်းတစ်ချက်ညိမ့်ပြီး

"စမယ်​နော်"

"ပုံမှန်ဆို ချယ်ရီသီး၊ရမ် နဲ့ သကြား​တွေကို တစ်နာရီ​လောက်စိမ်ရတယ် အခုကြိုမစိမ်ထား​တော့ တခြားမုန့်လုပ်ရင်းသူ့ကိုစိမ်ထားလိုက်​နော်"

"Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အပူပေးထား"

" ကြက်ဥ အကာနဲ့ အနှစ်​တွေကို သပ်သပ်စီခွဲထား"

" ကြက်ဥအကာကို သကြားပန်းကန်လုံးတစ်လုံးစာကို အကုန်မထည့်ဘဲ တစ်ဝက်ထည့်ပြီး မွှေစက်နဲ့မွှေ"

"ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဥအနှစ်နဲ့ တစ်ဝက်ကျန်တဲ့သကြား​တွေကို မွှေခလောက်ပေးလိုက်"

အ​နောင်က ​ဆောင်းစက်​ပြောသမျှကို ဂရုတစ်စိုက် လိုက်လုပ်​နေရှာသည်။

​ဆောင်းစက်ရိပ်ခို  (completed)(U+Z)Hikayelerin yaşadığı yer. Şimdi keşfedin